“baby” သီချင်းက အစပြုလို့ ပရိတ်သတ်ရင်ထဲရောက်ရှိကာ နေရာယူလာခဲ့တဲ့ ကမ္ဘာကျော်တေးသံရှင်တစ်ဦးလို့ဆိုလာရင်တော့ လူငယ်ပရိတ်သတ်တွေ အရမ်းကိုသဘောကျပြီး ချစ်ခင်အားပေးကြတဲ့ အဆိုတော် Justin Bieber ကိုပဲဖော်ပြရမှာပါ။


Justin Bieber ဟာ တေးသီချင်းတွေကို ပါရမီရှိစွာ ဖန်တီးလေ့ရှိပြီး အနုပညာမှာ အောင်မြင်နေသလိုပဲ အချစ်ရေးမှာလည်း အတော်လေး အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း သူဟာ အမေရိကန် စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ Hailey Biber နဲ့လက်ထပ်ထားတာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ ချစ်ခရီးလမ်းဟာ အရမ်းကိုဖြောင့်ဖြူးနေခဲ့ကြတာဖြစ်ပါတယ်။


ဒီကနေ့ နိုဝင်ဘာ(၂၂)ရက်နေ့မှာ အဆိုတော် Justin Bieber က သူ့ရဲ့ ဇနီးဖြစ်သူ Hailey Biber ရဲ့ မွေးနေ့လေးအတွက် ချစ်ခြင်းအပြည့် ပါရှိတဲ့ စာသားများနဲ့ မွေးနေ့ဆုတောင်းစကားလေး ဆိုလာခဲ့ပါတယ်။ Justin Bieber က " သက်ရှိလူသားထဲမှာ အချစ်ရဆုံးဖြစ်တဲ့ လူသားလေးရေ..ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ၊ မင်းလေး ဟာ ကိုယ့်ဘဝကို မှော်ဆန်စေတဲ့ အပြင် မင်းကိုစွဲလမ်းအောင်လည်း အရမ်းလုပ်တတ်တယ်နော် ၊ ချစ်တယ် " လို့ ရေးသားထားတာဖြစ်ပါတယ်။






