တောင်ကိုရီးယားမင်းသား Kang Ha Neul ဟာဆိုရင် ပြိုင်စံရှားတဲ့ပုံစံကြောင့် နာမည်ကြီးပြီးအောင်မြင်တဲ့သူဖြစ်ပါတယ်။ Kang Ha Neul က စိတ်သဘောထားပြည့်ဝပြီး ပေါင်းသင်းဆက်ဆံရေး ကျယ်ပြန့်တဲ့သူဖြစ်တာကြောင့် သူ့အကြောင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေများစွာက ကောင်းတဲ့အကြောင်းလေးတွေပဲ ပြောကြပါတယ်။
Kang Ha Neul ဟာဆိုရင် အောင်မြင်ကျော်ကြားမှုတွေ မရခင်တုန်းက Gimpo မှာရှိတဲ့ သူ့ရဲ့မိဘတွေရဲ့ဆိုင်မှာစားပွဲထိုးအဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အောင်မြင်မှုတွေရရှိလာတဲ့အချိန်မှာတော့ မိဘတွေရဲ့စားသောက်ဆိုင်ဟာလည်း အကြီးကြီး ဖြစ်လာခဲ့ပါတယ်။
Kang Ha Neul က နာမည်ကြီးပြီး အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့သူဖြစ်ပေမယ့် အချိန်ရှိတိုင်း မိဘတွေရဲ့ဆိုင်ကိုသွားလေ့ရှိပါတယ်။ ဒါကြောင့် Kang Ha Neul တစ်ယောက် မိဘတွေဆိုင်မှာ စားပွဲထိုးလုပ်နေတဲ့ ပုံရိပ်လေးတွေက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အများကြီးပဲဖြစ်ပါတယ်။
တချို့ပုံတွေထဲမှာဆိုရင် မင်းသား Kang Ha Neul က ဖိနပ်တောင် မပါပါဘူး။ Kang Ha Neul ရဲ့ မိဘတွေက လက်ရှိမှာတော့ စားသောက်ဆိုင်ကိုပိတ်ပြီးအနားယူနေကြပြီလို့ သိရပါတယ်။တောင်ကိုရီးယားမင်းသား Kang Ha Neul က လက်ရှိမှာ KBS drama ဖြစ်တဲ့ Curtain Call မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။