မနေ့ကကျင်းပခဲ့တဲ့ ကာတာကမ္ဘာ့ဖလားပွဲကြီးရဲ့ ဖွင့်ပွဲဟာဆိုရင်တော့ ခမ်းနားကြီးကျယ်တဲ့ ပွဲကြီးတစ်ပွဲဖြစ်ခဲ့ပြီး bts အဖွဲ့ဝင် Jungkook ရဲ့ဖျော်ဖြေမှုကြောင့်လည်း တစ်ကမ္ဘာလုံးက အာရုံစိုက်စရာပွဲကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ မဖျော်ဖြေခင်နဲ့ ဖျော်ဖြေပြီးတဲ့အထိ ဝေဖန်မှုတွေရှိနေခဲ့ပေမယ့် Jungkook အနေနဲ့အကောင်းဆုံး ဖျော်ဖြေနိုင်ခဲ့တာတွေ့ရပါတယ်။ ဖျော်ဖြေပွဲအပြီးမှာတေ့ Jungkook ကသူ့ရဲ့ ပရိသတ်လေးတွေနဲ့ Weverse မှာတွေ့ဆုံပြီး အချိန်ကုန်ဆုံးခဲ့ပါတယ်။

သူကသူ့ရဲ့ပရိသတ်တွေကို “ကျွန်တော်ဒီကိုလာဖို့ လေယာဉ်ပေါ်မှာ 10 နာရီလောက်အိပ်ပြီးလိုက်လာရပါတယ်၊ ဒီရောက်တော့အချိန်ကွားခြားချက်အရ အဆင်ပြေလို့ချက်ချင်းအလုပ်လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော် ဒီမှာဈေးဝယ်ထွက်နေတဲ့ပုံတွေအများကြီးတက်လာတော့ ပရိသတ်တွေကတော့ ကျွန်တော်အပျော်လာတယ်ဘဲထင်နေကြမှာပေါ့၊

တကယ်တော့ကျနော်လည်း တော်တော်လေးပြင်ဆင်ခဲ့ရပါတယ်။ အခုလိုဖျော်ဖြေပွဲပြီးသွားပေမယ့် စင်ပေါ်မှာကိုယ်ဖျော်ဖြေခဲ့တာကို လုံးဝကြီးကျေနပ်တာမျိုးမဟုတ်ပေမယ့် အမှားအကြီးကြီးမလုပ်မိခဲ့တာကိုပဲ ဝမ်းသာရပါတယ်။

ဒီလိုမျိုးကျေးဇူးတင်ပါတယ်ဆိုတဲ့စကားမျိုးကို ပရိသတ်တွေရဲ့ အားပေးမှုကြောင့်ပြောနိုင်တာပါ ဒါကြောင့်ပရိသတ်တွေကိုကျေးဇူးတင်ပါတယ်။ အဝေးကြီးကနေအားပေးပေးကြတဲ့ အာမီတို့ကိုကျေးဇူးတင်ပါတယ်။’ ဆိုပြီးပြောပြခဲ့ပါတယ်။

အာမီလေးတွေကြားမှာတော့ သူတို့ Idol ရဲ့ကြိုးစားပြီး အကောင်းဆုံးဖျော်ဖြေနိုင်ခဲ့မှုကို ချီးကျူးအသိအမှတ်ပြုနေကြပြီး အောင်မြင်မှုအတွက်လည်း ဂုဏ်ပြုနေကြပါတယ်။
Photos- credit