မိသားစုနဲ့တူတူ ပျော်ရွှင်စရာအချိန်လေးတွေ ကုန်ဆုံးရင်း ခရီးတွေထွက်နေတဲ့ Choi Tae-joon နဲ့ Park Shin Hye တို့ စုံတွဲ

//s9.kh1.co/0b/0b850ab7d9d61e6dfffa2180fc7b921ddefc7e6b.jpg
အနုပညာရှင်များ

 ၂၁-နို-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

မိန်းမPark Shin-hye နဲ့ သူ့သားလေးတို့နဲ့အတူ မိသားစုခရီးတွေထွက်ခဲ့နေကြတယ်လို့ ...

မင်းသမီး Park Shin-hye နဲ့ လက်ထပ်ခဲ့တဲ့ မင်းသားChoi Tae-joon ကတော့ သူတို့ရဲ့ မိသားစုဘဝ အခြေအနေကို အမြဲတမ်း မျှဝေလေ့ရှိပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

သူတို့ရဲ့ ဆိုရှယ်မီဒီယာမှာ Post မတင်တာကြာပြီဖြစ်တဲ့ သူတို့စုံတွဲလေးက မကြာသေးမီက " Hello, flower hareubang .. တော်တော်ကြာခဲ့ပါပြီ။ ကျွန်တော် မျက်လုံးတွေထဲမှာ ဒီလိုလှပတွေအရာတွေကို အမြဲတမ်း ထည့်ထားချင်တယ်။”

Photo Credit : Popular.com
Photo Credit : Popular.com

တင်ထားတဲ့ ဓာတ်ပုံတွေထဲမှာ Choi Tae-joon က ပန်းတွေနဲ့ လုပ်ထားတဲ့ Dolhareubang ကြီးတစ်ခုရှေ့မှာ ချိုသာတဲ့ အပြုံးလေးတွေနဲ့ ပြုံးနေပါတယ်။ Choi Tae-joon ဓါတ်ပုံရိုက်ခဲ့တဲ့နေရာက Jeju ကျွန်းမှာ တည်ရှိတဲ့ ဇိမ်ခံဟိုတယ်တစ်ခုဖြစ်ပြီး သူ့ရဲ့ မိန်းမPark Shin-hye နဲ့ သူ့သားလေးတို့နဲ့အတူ မိသားစုခရီးထွက်ခဲ့ကြတယ်လို့ ထင်ကြေးတွေပေးခံနေရပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

သူတို့နှစ်ယောက်က ၂၀၂၂ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ အကျဉ်းချုံးမင်္ဂလာပွဲလေး ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

သတင်း အရင်းအမြစ်Popular.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T