ပါဝါရိမ်းဂျား မင်းသားကြီး Jason David Frank သေကြောင်းကြံစည်မှုဖြစ်ပွား

//s9.kh1.co/af/aff1b4c2d21985d061aa6ff9d9236c315aa4e1bd.jpg
အနုပညာရှင်များ

 ၂၁-နို-၂၀၂၂ ၁am · လွန်ခဲ့သော ၁၀ လ က

၉၀ ခုနှစ်ဖွား လူငယ်များရဲ့ ငယ်ဘ၀ ဟီးရိုးကြီး လို့ ခေါ်ဆိုရမယ့် ......... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

၉၀ ခုနှစ်ဖွား လူငယ်တွေရဲ့ ငယ်ဘဝ ဟာ ယနေ့ခေတ်လို စက်ပစ္စည်းအစုံအလင်မရှိပေမယ့် ပျော်စရာအတော်လေးများပြားခဲ့ပါတယ်။ အဲ့ထဲမှာမှ ပါဝါရိမ်းဂျားဇာတ်ကားတွေဟာလည်း ငယ်ဘဝရဲ့ ပျော်ရွှင်မှုတစ်ခုလို့ ဆိုလို့ရပါတယ်။ ယမန်နေ့ နိုဝင်ဘာ(၂၀)ရက်နေ့ကတော့ ငယ်ဘဝရဲ့ ဟီးရိုးဖြစ်သူ ပါဝါရိမ်းဂျားမင်းသားကြီး Jason David Frank ဟာ ကွယ်လွန်သွားပြီလို့သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

Jason Dqvid Frank ဟာ (၂၀၂၂) ခုနှစ် နိုဝင်ဘာ (၂၀) ရက်၊ တနင်္ဂနွေနေ့မှာ မိမိကိုယ်ကို သတ်သေခဲ့တယ်လို့ သိရပါတယ်။ အစကတော့ အတော်အများက ရောဂါတစ်ခုခုနဲ့သေဆုံးတယ်လို့ထင်ထားကြပေမယ့် တကယ်တမ်းစစ်ဆေးအတည်ပြုလိုက်တဲ့အချိန်မှာတော့ သေကြောင်းကြံစည်မှုဖြစ်တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

Jason David Frank ဟာ ကွယ်လွန်ချိန်မှာ အသက် (၄၉) နှစ်ရှိ‌‌ပြီဖြစ်ပြီး သူကွယ်လွန်သွားတဲ့သတင်းကိုလည်း သူ့ရဲ့လေ့ကျင့်ရေးဆရာက Facebook မှာ အတည်ပြုခဲ့ပြီး နောက်ပိုင်းမှာ သူနဲ့တွဲလုပ်ခဲ့ဖူးတဲ့ ထုတ်လုပ်ရေးစတူဒီယိုကလည်း အတည်ပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T