ကိုရီးယား နန်းတွင်းဇာတ်ကားတွေဟာဆိုရင် မြန်မာဒရမ်မာပရိသတ်တွေကြားမှာ အမြဲတမ်းကြိုက်နှစ်သက်အားပေးလေ့ရှိကြပါတယ်။ နန်းတွင်းကားတွေထဲမှာလဲ မအောင်မြင်တဲ့ ဒရမ်မာတွေရှိသလို၊ အသည်းအသန်အောင်မြင်တဲ့ နန်းတွင်းကားတွေလည်း အများကြီးရှိပါတယ်။ အခုဖော်ပြပေးချင်တာကတော့ ကိုရီးယားနန်းတွင်းဒရမ်မာတွေထဲမှာ မဖြစ်မနေကြည့်ရှုရမယ့် ဆုတွေအများကြီးရရှိထားတဲ့ ကိုရီးယားဒရမ်မာတွေဖြစ်ပါတယ်။

၁. Moon embracing the sun ( 2012 )
Moon embracing the sun ဟာဆိုရင်တော့ ၂၀၁၂ ခုနှစ်ကစတင်ထွက်ရှိခဲ့တဲ့ ဒရမ်မာဖြစ်ပြီး နာမည်ကြီးမင်းသားဖြစ်တဲ့ Kim Soo Hyun ကအဓိကပါဝင်သရုပ်ဆောင်ထားတဲ့ နန်းတွင်းဇာတ်လမ်းဖြစ်ပြီး ကြည့်ရှုမှုနှုန်းအများဆုံး ဒရမ်မာတွေထဲကတစ်ခုဖြစ်ပါတယ်။

၂. The Great Queen Seondeok ( 2009 )
ကိုရီးယားဒရမ်မာချစ်သူတွေထဲမှာ Queen Seondeok ကိုမသိတဲ့လူမရှိလောက်ပါဘူး။ ၂၀၀၉ ခုနှစ်မှာစတင်ထွက်ခဲ့တဲ့ ဒရမ်မာဟာ အမျိုးသမီးတစ်ဦးရဲ့ နန်းတွင်းအရှုပ်အထွေးတွေကြား ကြံ့ကြံ့ခံရင်ဆိုင်ရင်း နိုင်ငံဦးသျှောင် ဖြစ်လာပုံကိုရိုက်ကူးထားတဲ့ ဒရမ်မာဖြစ်ကာ ကြည့်ရှုသူများလွန်းတဲ့ ဒရမ်မာတစ်ခုဖြစ်ပါတယ်။

၃. Love in the Moonlight ( 2016 )
2016 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒရမ်မာမှာဆိုရင် နာမည်ကြီးမင်းသား ဖြစ်တဲ့ Park Bo Gum ပါဝင်သရုပ်ဆေင်ထားပြီး နန်းတွင်းအချစ်ဇာတ်လမ်းလေးကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရိုက်ပြထားပါတယ်။ ဒရမ်မာဟာ ဆုတွေအများကြီးရရှိထားပြီး ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေလည်း အများကြီးရရှိခဲ့တဲ့ ဒရမ်မာဖြစ်ပါတယ်။

၄. Gu Family Book ( 2013 )
Bae Suzy ပါဝင်သရုပ်ဆောင်ထားတဲ့ အဲ့ဒီဒရမ်မာဟာဆိုရင် ကိုရီးယားရဲ့ နာမည်အကြီးဆုံး နန်းတွင်းဒရမ်မာတွေကတစ်ခုဖြစ်ပြီး ဇာတ်လမ်းရော သရုပ်ဆောင်တွေကြောင့်ရော မဖြစ်မနေကြည့်သင့်တဲ့ ဒရမ်မာတွေထဲကတစ်ခုဖြစ်ပါတယ်။

၅. Moon Lovers ( 2016 )
နာမည်ကြီးမင်းသမီးဖြစ်တဲ့ IU ပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာဟာဆိုရင် ထွက်ရှိချိန်ကတည်ဟကနေ အခုအချိန်ထိ ပရိသတ်တွေကြား ရေပန်းစားနေသေးတဲ့ ဒရမ်မာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် နန်းတွင်းကားကြိုက်သူတွေအနေနဲ့ကတော့ မဖြစ်မနေကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
Photos- credit