တရုတ်နိုင်ငံမှာ နာမည်ကြီးရေပန်းစားနေတဲ့ ထိုင်းမင်းသားချော (၃) ဦး

//s9.kh1.co/8d/8d5d946403c7368ec4e966d2b9b70cad70fff9f9.jpg
အနုပညာရှင်များ

 ၁၈-နို-၂၀၂၂ ၃pm · လွန်ခဲ့သော ၄ နှစ် က

တရုတ်နိုင်ငံမှာ နာမည်ကြီးရေပန်းစားနေတဲ့ ထိုင်းမင်းသားချော (၃) ဦး

ထိုင်းနိုင်ငံ အနုပညာရှင်တွေရဲ့ ချောမောလှပမှုတွေ၊ ပီပြင်လွန်းလှတဲ့ သရုပ်ဆောင်နိုင်စွမ်းတွေကြောင့် သူတို့ရဲ့ အောင်မြင်မှုတွေက ထိုင်းနိုင်ငံမှာသာမကပဲ အာရှနိုင်ငံတွေအထိပါ လွှမ်းမိုးလာပါပြီ ဖြစ်ပါတယ်။ အဲ့ထဲမှ တရုတ်နိုင်ငံမှာ ရေပန်းစား လူကြိုက်အများဆုံး နာမည်ကြီး ထိုင်းမင်းသားတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Dj Push Puttichai

https://s9.kh1.co/__image/w=650,h=812,q=100/f2/f2d26ce7a0e48dfbe6b56a63ed7f990a8bbd3c18.webp

Dj Push Puttichai ဟာ မိန်းကလေးတိုင်းရဲ့ အိမ်မက်ထဲက စိတ်ကူးရင်ရတဲ့ ကောင်လေးလို့ ဆိုရလောက်အောင်ကို ပြီးပြည့်စုံလွန်းတဲ့ ပုံစံကြောင့် မြင်သူတိုင်း မကြိုက်ပဲမနေနိုင်အောင် ဖြစ်နေရတာပါ။“Bai Mai Tee Plid Plew” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ နှလုံးသားတွေကို အပိုင်ရယူနိုင်ခဲ့ကာ တရုတ်နိုင်ငံမှာ လူကြိုက်များရေပန်းအစားဆုံး မင်းသားတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ မကြာခင်မှာ ထွက်ရှိတော့မယ့် “You’re My Heartbeat” မှာလည်း ထိပ်တန်းမင်းသမီးလေး Mai Davika နဲ့ ပါဝင်တွဲဖက် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Mark Prin

https://s9.kh1.co/__image/w=650,h=831,q=100/fc/fc5e11122f4fe7f60cbc7d7b38e73d03dd38306d.jpg

တရုတ်နိုင်ငံမှာနာမည်ကြီးနေတဲ့ Mark Prin ကတော့ ဒိတ်ဒိတ်ကျဲအောင်မြင်နေတဲ့နာမည်ကြီးဇာတ်လမ်းတွဲ(၂)ခုဖြစ်တဲ့ “My Husband in Law” နဲ့ “My Forever Sunshine” ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

James Jirayu

https://s9.kh1.co/__image/w=650,h=813,q=100/18/189880ee5532b64f5e1663bb577d17b32fae7441.jpg

James Jirayu ကတော့ လူကြိုက်များရေပန်းအစားဆုံး ထိုင်းမင်းသားတွေစာရင်းထဲကို “Payakorn Sorn Ruk” နဲ့ “Are We Alright?” ဆိုတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေအသည်းကို သိမ်းပိုက် နေရာယူထားသူလေးဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T