Hyun Bin နဲ့ Son Ye Jin တို့ လုံးဝလက်မထပ်ဖြစ်ဘူးဆိုပြီး လောင်းကြေးထပ်ခဲ့ဖူးတဲ့ ပရိသတ်တစ်ဦး

//s9.kh1.co/74/74a057756a777746ce93b021a47ab4f161ce7b8e.jpg
အနုပညာရှင်များ

 ၁၈-နို-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

Hyun Bin နဲ့ Son Ye Jin တို့ လုံးဝလက်မထပ်ဖြစ်ဘူးဆိုပြီး အမေရိကန်ဒေါ်လာ ၁ သောင်းအထိ လောင်းခဲ့ဖူးတဲ့ ပရိသတ်တစ်ဦး

မကြားသေးမီးက Netizen တွေက တောင်ကိုရီးယားနာမည်ကြီးစုံတွဲလေး Hyun Bin နဲ့ Son Ye Jin တို့ကို လုံးဝလက်မထပ်ဖြစ်ဘူး။ အကယ်၍လက်ထပ်ဖြစ်ခဲ့ပါက ဒေါ်လာ ၁သောင်းအထိ လောင်းကြေးထပ်နိုင်တယ်ဆိုတဲ့ Post ကို ရှာတွေ့ခဲ့ကြပါတယ်။ရှာဖွေတွေ့ရှိချက်တွေအရ လောင်းကြေးထပ်ထားတဲ့သူက Song Hye Kyo ရဲ့ ပရိသတ်ဖြစ်ပြီး Hyun Bin နဲ့ Son Ye Jin တို့ကို လက်ထပ်ဖြစ်မှာ မဟုတ်ဘူးဆိုပြီး အခိုင်အမာပြောထားတာဖြစ်ပါတယ်။ Post ထဲမှာရေးထားတာလေးကိုပါ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်။

https://s9.kh1.co/__image/w=650,h=925,q=100/02/02b9dfd84f5b17d9bf9442f361fae6a7f261d6fb.jpg

“BinJin စုံတွဲလက်ထပ်ဖြစ်ခဲ့ရင် အမေရိကန်ဒေါ်လာ ၁ သောင်းလောင်းလိုက်မယ်။ Hyunbin က Son Ye Jin နဲ့လုံးဝ တွဲနေတာမဟုတ်ဘူး။ သူတို့ ဒီလောက်ငြင်းနေကြတာ လုံးဝမဖြစ်နိုင်ဘူး။ SongSong စုံတွဲနဲ့ လုံးဝ တခြားစီပဲ”လောင်းကြေးထပ်ထားတဲ့ post လေး တင်ထားခဲ့တဲ့အချိန်က BinJin စုံတွဲ မင်္ဂလာသတင်း မကြေညာခင်တုန်းက ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/07/0701abd51d578b3a98ded366af23165ee4b2d469.jpg

အခုအချိန်မှာတော့ post လေးက ပြန်နာမည်ကြီးလာပြီး Netizen တွေကြားမှာ ရှာဖွေမှု အများဆုံးဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် Hyun Bin နဲ့ Son Ye Jin တို့ မင်္ဂလာသတင်းကြေညာပြီးနောက်မှာ ပိုပြီးနာမည်ကြီးလာပါတယ်။

https://s9.kh1.co/__image/w=640,h=700,q=100/97/97ed2c56ffb0ae7839e3dd37be790887c2d60717.jpg

လောင်းကြေးထပ်ထားတာအမှန်ပဲဆိုရင်တော့ post ပိုင်ရှင် သေချာပေါက် ဒေါ်လာ ၁ သောင်းရှုံးပါပြီ။ လောင်းကြေးထပ်ထားတဲ့ post လေးရဲ့ အောက်မှာလည်း Binjin စုံတွဲရဲ့ ပရိသတ်တွေက စိန်ခေါ်တဲ့ မှတ်ချက်လေးတွေ အများကြီးပေးထားကြပါတယ်။

https://s9.kh1.co/__image/w=650,h=407,q=100/35/35ba7a4beb0407b454d23c220d42adf28134670e.jpg

တချို့ကလည်း အနုပညာရှင်စုံတွဲတွေကို ယှဉ်ပြီး အခုလို လောင်းကြေးထပ်တာမျိုးတွေ မလုပ်သင့်ကြောင့် အပြစ်တင်ထားပါတယ်။ မှတ်ချက်တွေ အရမ်းများလာတာကြောင့် post ပိုင်ရှင်က သူ့ရဲ့ post လေးကို ပြန်ဖျက်ခဲ့တယ်လို့ Netizen တွေရဲ့ အဆိုအရသိရပါတယ်။မင်္ဂလာပွဲကြေညာချက် မတိုင်ခင်က Hyun Bin နဲ့ Son Ye Jin တို့ တွဲနေတယ်ဆိုတဲ့သတင်းက သိပ်ပြီးမရေရာခဲ့သလို ငြင်းခဲ့တာမျိုးတွေလည်းရှိခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ BinJin စုံတွဲကို လက်ထပ်ဖြစ်လောက်တဲ့ အထိ မဖြစ်နိုင်ဘူးလို့သုံးသပ်ထားကြတဲ့သူတွေလည်း အများကြီးပါပဲ။

https://s9.kh1.co/__image/w=650,h=391,q=100/b7/b7bff8d18bfdc167ce484e0e9dbb9b8cd42e2e57.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T