ကလေးအမေတစ်ယောက်ရဲ့ ခံစားချက်တွေကို ရင်ဖွင့်ခဲ့တဲ့ ဟန်ဂါအင်း

//s9.kh1.co/1e/1e756c41c2dc41afa268a79bff506db15af8abe0.jpg
အနုပညာရှင်များ

 ၁၈-နို-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ကလေးနှစ်ယောက်အမေရဲ့ ခံစားချက်တွေကို ရင်ဖွင့်ခဲ့တဲ့ ဟန်ဂါအင်း

တောင်ကိုရီးယားမင်းသမီး ဟန်ဂါအင်း ဟာဆိုရင် တိုက်ရိုက်ထုတ်လွှင့်နေတဲ့အချိန်မှာ မျက်ရည်များစွာနဲ့ သူမရဲ့အဖြစ်ကို ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။ ဟန်ဂါအင်း ဟာဆိုရင် သူမရဲ့ စိတ်မကောင်းဖွယ် ခံစားချက်တွေကို မထိန်းနိုင်ခဲ့ပါဘူး။

https://s9.kh1.co/__image/w=650,h=343,q=100/4e/4e0a787176eeffde4e956f72e0b7e654e79056a7.jpeg

ဟန်ဂါအင်းဟာ ကလေး မွေးဖွားပြီးနောက်မှာ မိခင်တစ်ယောက်အဖြစ် နေထိုင်ခဲ့ရပြီး သရုပ်ဆောင်လောကထဲကို ပြန်လည်ခြေလှမ်းခွင့် မရရှိခဲ့ပါဘူး။ အခုအချိန်မှ ပြန်လည်ပြီး နာမည်အရင်းနဲ့ Sing For Gold အစီအစဉ်မှာ သီချင်း သီဆိုခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=452,q=100/11/11fe72734aa2b863ab9d716ad81cd9a57653e618.jpeg

နာမည်အရင်းဖြစ်တဲ့ ကင်ဟွန်းဂျိုနာမည်နဲ့ သီချင်း ပြန်လည်သီဆိုခွင့် ရခဲ့တဲ့အတွက်လည်း ဟန်ဂါအင်း ကအရမ်း ဝမ်းသာပျော်ရွှင်ကြောင်း ဆိုခဲ့ပါသေးတယ်။ အဆိုပါအစီအစဉ်လေးနာမည်က “Sing For Gold“ ဖြစ်ပြီး choruses လှလှလေးတွေကို ဖျော်ဖြေမှုနဲ့အတူ ပူးတွဲတင်ဆက်ရမယ့် ကိုရီးယားရဲ့ ပထမဦးဆုံး ဖျော်ဖြေမှု choir battle audition အစီအစဉ်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/80/806c718d6246e13da353c6367af3542d01dc037d.jpeg

Sing For Gold ကို J. Y. Park က ဦးဆောင်ပြီး စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး တေးရေးဆရာ Kim Hyung-seok ၊ ကကွက်ဆရာ Lia Kim ၊ အဆိုတော် Lee Mu-jin တို့အပြင် သရုပ်ဆောင် ဟန်ဂါအင်းတို့လည်း ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဟန်ဂါအင်းဟာဆိုရင် အသက် ၄၀ နှစ်အရွယ်ရှိပြီဖြစ်ပြီး အောင်မြင်ကျော်ကြားမှုတွေ များစွာရရှိခဲ့တဲ့ မင်းသမီးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/75/7550708b9ee4ee816a0a0e480f236291a223653c.jpeg

ဟန်ဂါအင်းက တောင်ကိုရီးယား နာမည်ကြီးမင်းသား ယွန်းဂျယ်ဟွန်း နဲ့ ၂၀၀၅ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ဟန်ဂါအင်းက လက်ရှိမှာ သမီးလေးတစ်ယောက် သားလေး တစ်ယောက်ကို မွေးဖွားထားပြီးအနုပညာ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ခြင်း မရှိတော့ပါဘူး။ 

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T