ပုံတူပန်းချီ ရေးဆွဲပြီး ချစ်သုဝေကို လက်ဆောင်ပေးခဲ့တဲ့ မြတ်နိုးအေး

//s9.kh1.co/fb/fbc70f97cb336899de60c9edf2b089865d10b90b.jpg
အနုပညာရှင်များ

 ၁၈-နို-၂၀၂၂ ၁၁am · လွန်ခဲ့သော တစ်နှစ် က

ပုံတူပန်းချီ ရေးဆွဲပြီး ချစ်သုဝေကို လက်ဆောင်ပေးခဲ့တဲ့ မြတ်နိုးအေး

ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်သူကတော့ မင်းသမီးချောလေး မြတ်နိုးအေး ပဲဖြစ်ပါတယ်။ မြတ်နိုးအေးဟာ ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေထဲပါ သဘာဝကျကျနဲ့ ပါဝင်သရုပ်ဆောင်ထားသူပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာသာမက သူမဟာ ပန်းချီပညာမှာလည်း ထူးချွန်တဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit - Myat Noe Aye
Photo Credit - Myat Noe Aye

လက်ရှိမှာတော့ အကြောင်းအမျိုးမျိုးကြောင့် အနုပညာအလုပ်တွေကို ခဏတာရပ်နားထားပေမယ့် ပရိသတ်တွေနဲ့ ဝေးကွာမသွားအောင် သူမနေ့စဉ်ဖြတ်သန်းနေတာလေးတွေကို မကြာခဏ ဖော်ပြပေးတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ပရိသတ်တွေ အံ့အားသင့်စေတဲ့ သူမရေးဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ကို ဖော်ပြခဲ့တာ တွေ့ရပါတယ်။

Photo Credit - Myat Noe Aye
Photo Credit - Myat Noe Aye
Photo Credit - Myat Noe Aye
Photo Credit - Myat Noe Aye

အဲ့ဒီပန်းချီကားလေးကတော့ အစ်မတစ်ယောက်လို ချစ်ရတဲ့ ချစ်သုဝေရဲ့ ပုံတူလေးကို ရေးဆွဲထားတဲ့ ပန်းချီကားပုံလေး ဖြစ်ပါတယ်။ မြတ်နိုးအေးက ဒီပုံတူပန်းချီကာလေးနဲ့ ပတ်သက်ပြီး ရေးသားထားရာမှာ "ပုံတူဆွဲရတာထက် မထရီဇာရဲ့ မရယ်တဲ့ ပုံရှာရတာပိုခက်လို့ သွားမပေါ်ရ၊ မပြောင်ရ ဆိုပြီး Selfie ပြန်ရိုက်ခိုင်းပြီး ပို့ခိုင်းရတဲ့အဖြစ် သူ့ကို မချစ်ပါဘူးဆိုပြီး အစွပ်စွဲကခံရပါသေးတယ်ရှန်... ပုံရှာရခက်လို့ မဆွဲဖြစ်သေးပေမယ့် လက်ဆောင်ပေးမို့ရည်ရွယ်ချက်က အစောကြီးတည်းက ရှိကြောင်း သက်သေနဲ့ တကွ ပြန်ချော့ထားရပါတယ်..love you heap heap မို့လို့ ချိတ်မကောက်ပါနဲ့လို့.. ဂျပင်လည်း ဖောင်းဖောင်းလေးဆွဲထားပေးတယ်နော်.." ဆိုပြီး ချစ်စရာကောင်းအောင် ရေးထားတာ တွေ့ရပါတယ်။ မြတ်နိုးအေး ရေးဆွဲထားတဲ့ ချစ်သုဝေရဲ့ ပုံတူ ပန်းချီကားလေးဟာ တကယ့်ကို သေသပ်ပြီးတူလွန်းတာကြောင့် ပရိသတ်တွေကလည်း သဘောကျခဲ့ပြီး ချီးကျူးဂုဏ်ပြုပေးထားကြတာ တွေ့ရပါတယ်။

Photo Credit - Myat Noe Aye
Photo Credit - Myat Noe Aye
Photo Credit - Myat Noe Aye
Photo Credit - Myat Noe Aye

သတင်း အရင်းအမြစ်Source - Myat Noe Aye

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T