သမီးငယ်လေး ၂ ယောက်ကို စူပါမန်းလိုမျိုး လက်နှစ်ဖက်မှာ တင်ချီထားတဲ့ J. Y. Park

//s9.kh1.co/23/23f6f9fba1a7597ee7387a5c877ef605a6564de4.jpg
အနုပညာရှင်များ

 ၁၈-နို-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သမီးငယ်လေး ၂ ယောက်ကို စူပါမန်းလိုမျိုး လက်နှစ်ဖက်မှာ တင်ချီထားတဲ့ J. Y. Park

တောင်ကိုရီးယားအဆိုတော် J. Y. Park ဟာဆိုရင် သီချင်းတွေကို ရေးစပ်တဲ့နေရာမှာ တော်တဲ့သူဖြစ်ရုံသာမက ထူးချွန်ထက်မြတ်တဲ့ ပရိုဂျူဆာ တစ်ယောက်လည်း ဖြစ်ပါတယ်။ J. Y. Park က လက်ရှိမှာ အသက် ၅၀ အရွယ်ရှိနေပြီ ဖြစ်ပေမယ့် လက်ထပ်တာနောက်ကျတာကြောင့် သူ့ရဲ့ သမီးလေးတွေက အသက် ငယ်ငယ်လေးတွေပဲ ရှိပါသေးတယ်။

Google
Google

J. Y. Park က သမီးလေးတွေကို တုန်နေအောင်ချစ်ပြီး သမီးလေးတွေရဲ့ ပုံရိပ်ကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲလိုလို ဖော်ပြပေးလေ့ရှိပါတယ်။ အခုတစ်ခေါက်မှာလည်း J. Y. Park က သမီးလေးနှစ်ယောက်ကို မူကြိုလိုက်ပို့ဖို့အတွက် ပခုံးနှစ်ဖက်မှာ တစ်ဖက်ကို တစ်ယောက် တင်ထားတဲ့ ဓာတ်ပုံလေးကို ဝေမျှပေးလာခဲ့ပါတယ်။

Google
Google

ဓာတ်ပုံထဲမှာ J. Y. Park က ကားပါကင်ထိုးထားတဲ့နေရာက ကားဆီကို ဦးတည်ပြီး သွားနေတာဖြစ်ပြီး သူ့ရဲ့ လက်နှစ်ဖက်မှာ သမီးလေး နှစ်ယောက်ကို တစ်ယောက်တစ်ဖက်ဆီ တင်ထားပါတယ်။

Google
Google
Google
Google

အဆိုတော် J. Y. Park က အနုပညာလောကထဲကမဟုတ်တဲ့ အသက် ၉ နှစ်ပိုငယ်တဲ့ ကောင်မလေးနဲ့ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သမီးလေးတွေကို ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တွေမှာ မွေးဖွားခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေးတွေရဲ့ ဖေဖေကြီး တစ်ယောက်ဖြစ်တဲ့ J. Y. Park ရဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T