မိန်းကလေးတွေရဲ့ ခန္ဓာကိုယ် အချိုးအစားကိုဝေဖန်ခဲ့တာကြောင့် ဇာတ်လမ်းတွဲတွေထဲ မပါနိုင်တော့တဲ့ မင်းသား

//s9.kh1.co/d8/d8d9480c4f6a9c8c39e3abd8e106ea2740d3051c.jpg
အနုပညာရှင်များ

 ၁၈-နို-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ပြစ်မှုတစ်ခုကြောင့် ဇာတ်လမ်းတွဲတွေထဲ ဘယ်တော့မှ မပါနိုင်တော့တဲ့ မင်းသား

တောင်ကိုရီးယားမင်းသား Ju Jin-Mo ဟာဆိုရင် A Frozen Flower ၊ Empress Ki ၊ Beloved Eun-dong နဲ့ အခြားဇာတ်လမ်းတွဲတွေ အများကြီးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတခဲနက် ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ Ju Jin-Mo က ပွဲဦးထွက်ကောင်းခဲ့ပြီး နာမည်ကောင်းရရှိခဲ့တဲ့သူဖြစ်ပေမယ့် ဖယ်ရှားလို့ မရတဲ့ အမှားတစ်ခုကြောင့် အနုပညာလောကထဲမှာ ပြန်ပေါ်မလာနိုင်တော့တဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=450,h=610,q=100/56/561316499908a127c2b66a79df94283954edd161.png

Ju Jin-Mo က ၂၀၀၄ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ Bichunmoo ("Dance in the Sky") ဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါသေးတယ်။ Bichunmoo ("Dance in the Sky") ဇာတ်လမ်းဟာ မူပိုင်ခွင့် ပြဿနာတွေကြောင့် တရုတ်နိုင်ငံနဲ့ထိုင်ဝမ်နိုင်ငံမှာ အရင်ဆုံး ပြသခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှာ နောက်ဆုံးမှသာ ပြသခွင့်ရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=620,h=386,q=100/63/63f40051ff97e0ae820627d53c39b7057c2105d7.png

ပြသခွင့်ရရှိခဲ့ပေမယ့်လည်း အပိုင်းကို ၃၃ ပိုင်းကနေ ၁၄ ပိုင်းအထိ ရှုံ့ခဲ့တယ်လို့ သိရပါတယ်။Joo Jin-mo က ၂၀၁၉ ခုနှစ် ၊ ဇွန်လ ၁ ရက်နေ့မှာ ဆရာဝန်မတစ်ဦးဖြစ်တဲ့ Min Hye-yeon နဲ့ ဂျယ်ဂျူကျွန်းမှာ လက်ထပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=560,h=699,q=100/63/6378708b041d7a1153d614eeef0fc76fd79980e7.png

လက်ထပ်ပြီးနောက် ၂၀၂၀ ခုနှစ်မှာ Joo Jin-mo ရဲ့ နာမည်ဆိုးကြီး ထွက်ရှိလာခဲ့ပါတယ်။ နာမည်ပျက်ရတဲ့ အကြောင်းအရင်းကတော့ မင်းသား Joo Jin-mo နဲ့ သူ့သူငယ်ချင်းဖြစ်သူ Go So Young တို့ အချင်းချင်း ဖုန်းထဲကနေတစ်ဆင့် ပြောထားတဲ့ စကားတွေ ပေါက်ကြားခဲ့တာကြောင့် ပဲဖြစ်ပါတယ်။ ပြောထားတဲ့ စကားတွေထဲမှာ Joo Jin-mo နဲ့ သူငယ်ချင်းဖြစ်သူ Go So Young တို့က မိန်းကလေးတွေရဲ့ ခန္ဓာကိုယ် အချိုးအစားပုံစံနဲ့ ပတ်သတ်ပြီး ဓာတ်ပုံတွေနဲ့ ဝေဖန်မှု ပြုလုပ်နေတဲ့ အကြောင်း အရာတွေ ပါရှိနေပါတယ်။

https://s9.kh1.co/__image/w=400,h=600,q=100/11/1178cf23caea91f2427b189eb0a071dd372206d8.png

မတ်ဆေ့ရှ်တွေ ပြန့်နှံ့ပြီး မကြာခင်မှာပဲ Joo Jin-mo က သူ့ရဲ့ အမှားအတွက် ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။အမှားကို ဝန်ခံပြီး တောင်းပန်ခဲ့တယ်ဆိုပေမယ့် မင်းသားကြီး Joo Jin-mo ရဲ့ နာမည်ကို ပြန်မဆယ်နိုင်တော့ပါဘူး။ Joo Jin-mo ကိုယ်တိုင်လည်း အနုပညာလမ်းကြောင်းထက်ဆီကို ပြန်မလာတော့တာ ရာစုနှစ်ပေါင်း များစွာကြာခဲ့ပြီပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=900,q=100/96/96f200fcda16183135c0c861555567b8a617eb1c.jpg

Joo Jin-mo ကို ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲမှာ တွေ့ခဲ့ရတဲ့နောက်ဆုံးအချိန်က ၂၀၁၉ ခုနှစ်မှာဖြစ်ပါတယ်။ Joo Jin-mo ရဲ့ လက်ရှိအသက်ကတော့ ၄၇ နှစ်ရှိနေပြီပဲဖြစ်ပါတယ်။ အမှားတစ်ခုကြောင့် အနုပညာလမ်းကြောင်းထက်ဆီကို ဘယ်တော့မှပြန်ပြီး မပေါ်လာတော့တဲ့ တစ်ချိန်က လျှမ်းလျှမ်းတောက် မင်းသားကြီး Joo Jin-mo အကြောင်းကို စိတ်မကောင်းဖွယ် ဖော်ပြပေးလိုက်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T