ဆောာင်းဂျွန်ကီ ရဲ့ ကျွတ်‌ကျတော့မလို ပွပြီးရှည်နေတဲ့ ဘောင်းဘီကြောင့် ဝေဖန်မှုတွေရှိလာနေ…

//s9.kh1.co/f4/f4fad0c1de3cbd694901efab615d7b7db5e55708.jpg
အနုပညာရှင်များ

 ၁၈-နို-၂၀၂၂ ၈am · လွန်ခဲ့သော ၃ နှစ် က

အင်တာနက်သုံးသူတွေကတော့ ဆောင်းဂျွန်ကီရဲ့ ဇာတ်ကားထဲပါဝင်သရုပ်ဆောင်ထားတဲ့..

ဆောင်းဂျွန်ကီ ဟာဆိုရင်သူ့ရဲ့ drama အသစ်ဖြစ်တဲ့ 'Reborn Rich' အတွက် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၇ ရက်နေ့မှာ တက်ရောက်လာခဲ့ပါတယ်။ သောကြာ၊ စနေ နဲ့ တနင်္ဂနွေ 3 ရက်လွှင့်မယ့်အဲ့ဒီဒရမ်မာထဲမှာဆိုရင် ဆောင်းဂျွန်ကီဟာ ဇာတ်ရုပ်နှစ်ခုကို ပါဝင်သရုပ်ဆောင်ထားပြီး အကောင်းဆုံးသရုပ်ဆောင်နိုင်ထားတယ် လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=862,q=100/f7/f75355877f63b34c1dec34bc1484316d6a11a405.webp

ပရိသတ်တွေနဲ့ အင်တာနက်သုံးသူတွေကတော့ ဆောင်းဂျွန်ကီရဲ့ ဇာတ်ကားထဲပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ရုပ်နဲ့ ဇာတ်ကားအကြောင်းထက်ကို ဆောင်းဂျွန်ကီရဲ့ ပွဲတက်လာတဲ့ ဖက်ရှင်ကို ပိုပြီးတော့စိတ်ဝင်စားနေကြပါတယ်။

https://s9.kh1.co/__image/w=650,h=970,q=100/c6/c6dde0414e8a96e374c0383826dd5ceec686f5bc.webp

ပွဲမှာတော့ ဆောင်းဂျွန်ကီကို ပန်းရောင်အနွေးအင်္ကျီနဲ့ ပွလွန်းတဲ့ဘောင်းဘီ ဝတ်ထားတာတွေ့ရပြီး သူဝတ်ထားတဲ့ ဘောင်းဘီဟာ ပရိသတ်တွေကြား ဆွေးနွေးစရာခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=905,q=100/fe/fe11a8d4832cae5ab3fc659fd02a1eb70408c1d3.webp
https://s9.kh1.co/__image/w=650,h=918,q=100/29/29225096b39eef3ea3ba3fc260faa6749b2da1cb.webp

ဆောင်းဂျွန်ကီရဲ့ ဘောင်းဘီဟာ အဆမတန်ရှည်လွန်းပြီး ပွလွန်းနေတာတွေ့ရပြီး ဘောင်းဘီကြောင့် သူ့ကိုအရပ်ပုတယ်လို့ထင်ရသွားစေပါတယ်။ ပရိသတ်တွေကြားမှာတော့ ဆောင်းဂျွန်ကီအနေနဲ့ ဘာလို့အဲ့ဒီလိုပွလွန်းတဲ့ ဘောင်းဘီဝတ်လာမှန်းအတိအကျ မသိပေမယ့် ဆောင်းဂျွန်ကီရဲ့ fashion designer အနေနဲ့ ဂရုစိုက်သင့်တယ်လို့ ဝေဖန်နေတာတွေလည်း ရှိလာနေပါတယ်။ တဖက်မှာတော့ ဆောင်းဂျွန်ကီရဲ့ ဖက်ရှင်ကိုအားပေးတဲ့ ပရိသတ်တွေလည်း ရှိနေပါတယ်။

Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T