လာမယ့်သောကြာနေ့မှာ စတင်ထုတ်လွှင့်တော့မယ့် ဆောင်းဂျွန်ကီရဲ့ ဒရမ်မာအသစ်ဖြစ်တဲ့ Reborn Rich ဟာဆိုရင်ပရိသတ်တွေရဲ့ အာရုံစိုက်မှုနဲ့ အားပေးတာကိုခံနေရပါတယ်။ ၂၀၂၁ ခုနှစ်ကထွက်ရှိခဲ့တဲ့ Vincezo အပြီးပြန်ရိုက်တဲ့ ဆောင်းဂျွန်ကီရဲ့ဒရမ်မာဟာဆိုရင် အလွန်ချမ်းသာတဲ့ မိသားစုတစ်ခုရဲ့ သားတစ်ယောက်အနေနဲ့ လက်စားချေမယ့် အကြောင်းကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဇာတ်ကားထွက်မလာခင် အင်တာဗျူးတစ်ခုမှာတော့ ဆောင်းဂျွန်ကီက ဇတ်ကားအပေါ်သူ့ရဲ့အမြင်တွေကို ပြောပြလာခဲ့ပါတယ်။ ဆောင်းဂျွန်ကီက “ ဇာတ်ကားဟာ ချမ်းသာတဲ့မိသားစုအကြောင်းတစ်ခုထဲမဟုတ်ပဲ အတိတ်ကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကိုပါ စိတ်ဝင်စားစရာရိုက်ပြထားတာဖြစ်ပါတယ်” ဆိုပြီးပြောပြခဲ့ပါတယ်။

ပြီးတော့လည်း ဆောင်းဂျွန်ကီက Reborn Rich ဟာသူ့အတွက် အချိန်အကြာကြီး ပြင်ဆင်လာခဲ့ရတဲ့ ဒရမ်မာတစ်ခုဖြစ်ပါတယ်။ အတိတ်နဲ့ ပစ္စုပ်ပန်ကို တွဲပြီးရိုက်ပြထားတဲ့ ဒရမ်မာမှာ အကောင်းဆုံးသော ရလဒ်တွေထွက်လာဖို့ မျှော်လင့်ကြောင်းလည်း ပြောပြခဲ့ပါတယ်။

ဆောင်းဂျွန်ကီအနေနဲ့ Reborn Rich နဲ့ပက်သက်ပြီး ယုံကြည်မှုပြင်းထန်နေပြီး ကြည့်ရှုသူတွေများဖို့လည်း မျှော်လင့်ထားကြောင်း အင်တာဗျူးမှာ အဓိကထားပြောပြခဲ့ပါတယ်။ Reborn Rich ကိုတော့လာမယ့် နိုဝင်ဘာ ၁၈ ရက်နေ့မှာစတင်ထုတ်လွှင့်သွားမှာဖြစ်ပြီး ဆောင်းဂျွန်ကီ ရဲ့ Comeback drama ဖြစ်တာကြောင့် ပရိသတ်တွေကလည်း ရင်ခုန်စွာ မျှော်လင့်စောင်းစားနေကြပါတယ်။
Photos- credit