စာရေးဆရာ အကြည်တော်ရဲ့ အုတ်ဂူပြီးစီးသွားလို့ နာရေးကူညီမှုအသင်း(ရန်ကုန်) မှ မိသားစုထံ အပ်နှံ

//s9.kh1.co/f3/f31f4835639a82f45eb3e537aa60f1b575ac0e2b.jpg
အနုပညာရှင်များ

 ၁၆-နို-၂၀၂၂ ၃pm · လွန်ခဲ့သော တစ်နှစ် က

စာရေးဆရာ အကြည်တော်ရဲ့ အုတ်ဂူပြီးစီးသွားလို့ နာရေးကူညီမှုအသင်း(ရန်ကုန်) မှ မိသားစုထံ အပ်နှံ

စာရေးဆရာကြီး အကြည်တော်ဟာ မိသားစုဝင်များ ၊ စာပေချစ်သူတွေနဲမိတ်ဆွေသူငယ်ချင်းတွေကို နှုတ်ဆက်ထွက်ခွာသွားတာဟာ ဒီကနေ့ဆိုရင် ၈ ရက်မြောက်နေ့တောင်ရောက်ရှိခဲ့ပါပြီ။ အကြည်တော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ညက အစာရေမြိုကင်ဆာဖြင့် အသက် (၅၁) နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - FFSS_YGN
Photo Credit - FFSS_YGN
Photo Credit - FFSS_YGN
Photo Credit - FFSS_YGN

အလွမ်း၊အဆွေး စတဲ့ ရသစားပေတွေကို ရေးသားတဲ့ စာရေးဆရာတစ်ယောက် ယခုလို ကွယ်လွန်သွားတာဟာ စာပေလောက နှင့် စာပေချစ်သူတွေကြား ဝမ်းနည်းစရာဖြစ်ရပြီး ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလည်း ဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာတော့ စာရေးဆရာ အကြည်တော် (ခ) စောကြည်ဖြူ ​ရဲ့ အုတ်ဂူ ပတ်သက်တာလေးကို နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ဖော်ပြလာတာ တွေ့ရပါတယ်။

Photo Credit - FFSS_YGN
Photo Credit - FFSS_YGN

ဒါကတော့ နာရေးကူညီမှုအသင်း(ရန်ကုန်) မှ စာရေးဆရာ အကြည်တော်(ခ)စောကြည်ဖြူ ​ရဲ့ အုတ်ဂူပြုလုပ်ဖို့ အစအဆုံး ကူညီဆောင်ရွက်ပေးခဲ့ရာမှာ အပြီးသတ်ပြီဖြစ်လို့ ယနေ့နံနက်ပိုင်းမှာ နာရေးကူညီမှုအသင်း(ရန်ကုန်)​ရဲ့ တာဝန်ရှိသူများမှ စာရေးဆရာ အကြည်တော် ​ရဲ့ အုတ်ဂူအား မိသားစုဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - FFSS_YGN
Photo Credit - FFSS_YGN

သတင်း အရင်းအမြစ်Source - FFSS_YGN

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T