တောင်ကိုရီးယားအနုပညာရှင်စုံတွဲတွေဟာဆိုရင် ပရိသတ်တိုင်း အားကျရတဲ့ နေထိုင်မှုပုံစံ ဘဝကို ပိုင်ဆိုင်ထားတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့တွေ အများစုက လက်ထပ်ပြီးလို့ သားသားမီးမီးလေးတွေ ရလာကြရင် အလုပ်မအားတာကြောင့် ကလေးလေးတွေကို တစ်လှည့်စီ ထိမ်းသိမ်းစောင့်ရှောက်ရပါတယ်။ အဲဒီထဲကမှ သာယာလှပတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ တောင်ကိုရီးယား အနုပညာရှင် စုံတွဲ ၆ စုံတွဲကို ဖော်ပြသွားပေးပါမယ်။

1. Hyun Bin နှင့် Son Ye Jin:

တောင်ကိုရီးယား သရုပ်ဆောင် Hyun Bin နဲ့ Son Ye Jin ဟာဆိုရင် မကြာခင်မှာ သားလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်တော့မှာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက ဒီဇင်ဘာလမှာ သားလေးတစ်ယောက် ရရှိပိုင်ဆိုင်တော့မယ်လို့ ကြေညာထားပြီး မိဘတွေ ဖြစ်လာကြတော့မှာပဲ ဖြစ်ပါတယ်။
2. Rain နှင့် Kim Tae Hee:

တောင်ကိုရီးယားသရုပ်ဆောင် Rain နဲ့ Kim Tae Hee တို့ဟာဆိုရင်လည်း ချစ်ဖို့ကောင်းတဲ့ မိသားစုလေးကို ရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင် စုံတွဲလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးက လက်ရှိမှာ ကလေးလေး နှစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပြီး လူတိုင်း အားကျ တဲ့ အနုပညာရှင် စုံတွဲလေး အဖြစ် ရပ်တည်လျက်ရှိပါတယ်။
3. Jo Jung Suk နှင့် Gummy:

တောင်ကိုရီးယားမင်းသား Jo Jung Suk နဲ့ Gummy တို့ဟာဆိုရင်လည်း လူတိုင်းအားကျရတဲ့ သရုပ်ဆောင် စုံတွဲလေး ဖြစ်ပါတယ်။ သူတို့နှစ်ဦးက သမီးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပြီး ပရိသတ်တွေ အားပေးရတဲ့ စုံတွဲလေး ဖြစ်ပါတယ်။
4. Ji Sung နှင့် Lee Bo Young:

Ji Sung နဲ့ Lee Bo Young တို့ဟာဆိုရင်လည်း မိဘတွေဖြစ်နေကြပြီ ဖြစ်တဲ့ အနုပညာရှင် စုံတွဲလေး ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့မင်္ဂလာသတင်းက ပရိသတ်တွေကို အံ့အားသင့်စေခဲ့သလို ကြည်နူးစိတ်ကိုပါ ကူးစက်သွားစေခဲ့ပါတယ်။
5 . Sean နှင့် Jung Hye Young:

တောင်ကိုရီးယားမင်းသမီး Sean နဲ့ Jung Hye Young တို့ဟာဆိုရင်လည်း သားသမီး ၄ ယောက်တောင် ရရှိပိုင်ဆိုင်ထားတဲ့ စုံတွဲလေး ဖြစ်တာကြောင့် သူတို့နှစ်ဦးကို အားကျနေတဲ့သူတွေ တစ်ပုံကြီးပဲ ဖြစ်ပါတယ်။ ပရိသတ်အများစုကလည်း အလုပ်မအားတဲ့ နာမည်ကြီး အနုပညာရှင်တွေ ဖြစ်ပေမယ့် သားသမီး ၄ ယောက်ကို ဘယ်လိုမျိုး ထိန်းသိမ်းကြလဲဆိုတာကို စိတ်ဝင်စားနေကြပါတယ်။