ချစ်စံအိမ်ဗားရှင်းအသစ်မှာ Rain နေရာက သရုပ်ဆောင်သွားမယ့် Spy မင်းသားကြီး

//s9.kh1.co/c9/c94b523fb621f05bbc20ddcb06c56b56f7485bd4.jpeg
အနုပညာရှင်များ

 ၁၆-နို-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

ချစ်စံအိမ်ဗားရှင်းအသစ်မှာ Rain ဇာတ်ကောင်နေရာက သရုပ်ဆောင်သွားမယ့် Spy မင်းသားကြီး Dennis Oh

၂၀၀၄ ခုနှစ်တုန်းက ကမ္ဘာတစ်ဝှမ်းအောင်မြင်မှုတွေ သိမ်းကြုံးရရှိခဲ့တဲ့ ချစ်စံအိမ် Full House ဇာတ်လမ်းကိုတရုတ်နိုင်ငံကနေ ဗားရှင်းအသစ်နဲ့ ရိုက်ကူးပြီးစီးသွားပြီလို့ သိရပါတယ်။

https://s9.kh1.co/__image/w=415,h=565,q=100/4d/4dfddf5dff306a85e1dcfdc923b9584a73927f8f.jpeg

ကိုရီးယားဗားရှင်း ချစ်စံအိမ်ဇာတ်လမ်းမှာ မင်းသား Rain နဲ့ မင်းသမီး Song Hye Kyo တို့ကအဓိကဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ထားပြီးတရုတ်ဗားရှင်းအသစ်မှာတော့ အနုပညာလောကကနေ အချိန်အတော်ကြာပျောက်ကွယ်သွားတဲ့ ကိုရီးယား-အမေရိကန်ကပြားမင်းသား Dennis Oh နဲ့ မင်းသမီး Zhang Li တို့က ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=500,h=750,q=100/6b/6b855a22685f2fcb6205a9578a40248d97428f79.jpeg

Spy မင်းသားလို့လူသိများတဲ့ Dennis Oh က လက်ရှိမှာ ၄၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး မင်းသမီး Zhang Li ကအသက် ၃၈ နှစ်အရွယ်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=968,q=100/04/04a2f66bf61b232e75079c954f287f8388ed1a91.jpeg

နှစ်ဦးစလုံးက အသက် ၄၀ ဝန်းကျင်ရှိနေပြီဖြစ်တာကြောင့် နုပျိုပြီးလန်းဆန်းနေတဲ့ အရိပ်အယောင်တွေရှိတဲ့ ချစ်စံအိမ်ဇာတ်လမ်းနဲ့ လိုက်ဖက်မှု မရှိဘူးလို့ ပရိသတ်တွေက သုံးသပ်ထားကြပါတယ်။

https://s9.kh1.co/__image/w=640,h=457,q=100/7a/7a855ddbef81e842f83e9a10888e6d50dee6b51b.jpeg

ဇာတ်ကားကောင်းမကောင်းကို ထွက်ရှိလာမှပဲ သိရမှာဖြစ်ပေမယ့် အချိန်အတော်ကြပျောက်နေတဲ့ ပရိသတ်အချစ်တော် Spy မင်းသားကြီးရဲ့ အချစ်ကားဖြစ်တာကြောင့် ပရိသတ်တွေက များစွာ မျှော်လင့်နေကြပါတယ်။  

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T