Justin Bieber နဲ့ လမ်းခွဲလိုက်တာက သူမအတွက် အကောင်းဆုံးပါလို့ ဆိုလာတဲ့ Selena Gomez

//s9.kh1.co/ae/ae60ede9a5175c30757be40a0fe993ece553d4f4.jpg
အနုပညာရှင်များ

 ၁၆-နို-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

Justin Bieber နဲ့ လမ်းခွဲလိုက်တာက သူမအတွက် အကောင်းဆုံးအရာပါလို့ဆိုလာတဲ့ Selena Gomez

နာမည်ကျော် အဆိုတော် သရုပ်ဆောင် Selena Gomez ဟာဆိုရင် ရည်းစားဟောင်းဖြစ်သူ Justin Bieber နဲ့လမ်းခွဲဖြစ်တဲ့ခံစားချက်ကို အထူးတလည် ပြန်လည်ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဒီအကြောင်အရာလေးကို Selena ကApple TV+ documentary “My Mind and Me မှာ ဖွင့်ဟပြောဆိုခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/df/dfe32895bc6245e51fa2aecfbd7c37b8ae490e9d.jpeg

Selena Gomez က အရာအားလုံးကို လူသိရှင်ကြားပြုလုပ်ခဲ့တာကြောင့် အတိတ်တုန်းက အချစ်ရေးနဲ့ပတ်သက်ပြီး ပိတ်လှောင်ထားသလို ခံစားခဲ့ရကြောင်း၊ လူတိုင်းကလည်း သူမရဲ့ဆက်ဆံရေးကို မပျက်စီးစေလိုခဲ့ကြောင်း ၊ဒါပေမယ့်လည်း သူမအနေနဲ့ အကောင်းဆုံးကျော်လွှားနိုင်ခဲ့ကြောင်း၊ ဘယ်အရာကိုမှ မကြောက်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

https://s9.kh1.co/__image/w=530,h=662,q=100/d8/d85be23ecd04a612f56408f4b446840c899f72f0.webp

Selena Gomez က အဲဒီအချိန်ကာလတုန်းက ခံစားချက်တွေက သူမအတွက် အမှောင်ထဲမှာ အလင်းရောင်ကို တွေ့ခဲ့သလိုမျိုးခံစားချက်ဖြစ်ကြောင်း ၊ အဆိုးရွားဆုံး အသည်းကွဲဝေဒနာကို ခံစားရပြီးနောက်မှာ အရာအားလုံးကို မေ့ပစ်လိုက်နိုင်ကြောင်း၊ အတိတ်ကခံစားချက်တွေက အရမ်းကိုဆိုးတဲ့ ခံစားချက်ဖြစ်ကြောင်း ၊ ဒါပေမယ့်လည်းဒါက ဖြစ်လာဖို့ လိုအပ်လို့ ဖြစ်လာခဲ့တဲ့ အရာဖြစ်ကြာင်း ၊ နောက်ဆုံးတော့လည်း လမ်းခွဲခဲ့တဲ့ကိစ္စက သူမ ကြုံဖူးသမျှထဲမှာ အကောင်းဆုံးအရာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=893,q=100/6d/6d4f371ab98d8c95b5b23ad14303b976d3915564.jpeg

Selena Gomez ဟာဆိုရင် Justin Bieber နဲ့ စတင်တွဲခဲ့စဉ်ကတည်းက အကြိမ်ရေ မရေတွက်နိုင်လောက်အောင်လမ်းခွဲခဲ့တဲ့သူဖြစ်ပြီး နောက်ဆုံးအနေနဲ့ ၂၀၁၈ ခုနှစ်မှာ လုံးဝလမ်းခွဲခဲ့တာဖြစ်ပါတယ်။ Justin Bieber ကလည်း Selena Gomez နဲ့လမ်းခွဲပြီးနောက်မှာ Hailey Baldwin နှင့် လက်ထပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=640,h=799,q=100/c8/c892f8b670c130ddb6d9bd309162f8a0abe58678.jpeg

Selena Gomez ဟာဆိုရင် မကြာသေးမီက ဖက်ရှင်ပါတီတစ်ခုမှာ ရည်းစားဟောင်း Justin Bieber ရဲ့ အမျိုးသမီးဖြစ်တဲ့ Haley Bieber နဲ့တွေ့ဆုံခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်စွာ ဖက်ထားတဲ့ ဓာတ်ပုံတစ်ပုံကိုတောင်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှခဲ့ပါသေးတယ်။  

https://s9.kh1.co/__image/w=650,h=915,q=100/17/177d9de915801ab422072343d85e3a7540cb0dd4.jpeg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T