MV တစ်ခုမှာ နမ်းတဲ့အခန်းကို အကြိမ် ၁၀၀ နီးပါးလောက် ရိုက်ကူးခဲ့ရတယ်ဆိုတဲ့ Lee Min Ho နဲ့ Sandara Park

//s9.kh1.co/1c/1c6dab60e837a962d67c1b703f438ef3ee214001.jpg
အနုပညာရှင်များ

 ၁၆-နို-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အဲဒီတုန်းက ဘယ်လိုနမ်းရမှန်း မသိတဲ့လူ တော်တော်များများကတောင် သူတို့ကိုကြည့်ပြီး

တောင်ကိုရီးယားမင်းသား Lee Min Ho ကတော့ အသက်အရွယ်အရ ကြီးလာပေမယ့် သူရဲ့ အလှအပတွေနဲ့ ကိုယ်ခန္ဓာအချိုးအစားတွေကတော့ မပြောင်းလဲသေးတဲ့အတွက် နှုတ်ခမ်းနီမလေးတွေရဲ့ ရင်ထဲမှာတော့ နေရာအပြည့်ယူထားနိုင်သူလေး ဖြစ်ပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

သေချာပြန်တွေးကြည့်ရင်တော့ ချောမောလှပတဲ့ Lee Min Ho က ရုပ်ရှင်စီးရီးတွေ ကြော်ငြာတွေကို မရေတွက်နိုင်တဲ့ မင်းသမီး သရုပ်ဆောင်တွေ များစွာနဲ့ လက်တွဲပြီး ရိုက်ကူးခဲ့ပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

အရင်တုန်းကတော့ Lee Min Ho က မင်းသမီး Sandara Park နဲ့ လည်း 2010 ခုနှစ်မှာ သူမရဲ့ ကိုယ်ပိုင်သီချင်းဖြစ်တဲ့ Kiss Music Video မှာ အတူတူတွဲသရုပ်ဆောင်ခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက MV ထွက်ပြီး နှစ်အတော်ကြာတာတောင် သူတို့နှစ်ဦးက ရိုက်ထားတဲ့ အမှတ်တရတွေ ပျော်စရာတွေကို အခုအချိန်ထိ ပြောဆိုနေကြတုန်ပါပဲ ။

Photo Credit : Popular.com
Photo Credit : Popular.com

 ဒီ MV မှာ သူမနဲ့ မင်းသား Lee Min Ho တို့ဟာ ဒါရိုက်တာရဲ့ ညွှန်ကြားချက်အတိုင်း ပိုကောင်းတဲ့  အနမ်းဇာတ်ကွက်ကိုရဖို့ အကြိမ် ၁၀၀ နီးပါး ရိုက်ကူးခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက ဘယ်လိုနမ်းရမှန်း မသိတဲ့လူ တော်တော်များများကတောင် သူမကိုကြည့်ပြီး သဘောတွေကျနေကြတယ်လို့ဆိုပါတယ်။  ပရိသတ်တွေကလည်း ဒါကိုမြင်ပြီး ရယ်ရယ်မောမောနဲ့ ဒီ Kiss သီချင်းကိုလည်း အရမ်းလွမ်းနေကြတယ်လို့ ဆိုပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Photo Credit : Popular.com
Video Credit : Popular.com

သတင်း အရင်းအမြစ် Popular.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T