နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Im Si Wan နဲ့ Park Bo Gum တို့နှစ်ဦးရဲ့ပုံတွေဟာ ပရိသတ်တွေကြား အာရုံစိုက်တာနဲ့အတူ စပ်စုတာကိုပါ ခံနေရပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့က Im Si Wan ရဲ့လူမှုကွန်ယက်မှာ တင်လိုက်တဲ့ပုံထဲမှာဆိုရင် သူနဲ့ Park Bo Gum တို့ကို “Ditto” ဆိုတဲ့ရုပ်ရှင်ရဲ့ Movie Poster ရှေ့မှာအတူတူပို့စ်ပေးပြီး ဓာတ်ပုံတွဲရိုက်နေတာတွေ့ရပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့က Im Si Wan နဲ့ Park Bo Gum တို့နှစ်ဦးဟာ သူတို့ရဲ့ဂျူနီယာလေး Yeo Jin Goo ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကိုအားပေးဖို့ ပွဲတက်လာခဲ့ကြကာ နှာခေါင်းစည်းတပ်ထားပေမယ့် ချောမောတဲ့ရုပ်ရည်ကြောင့် သူတို့ကိုအလွယ်တကူအသိအမှတ်ပြုနိုင်ခဲ့ကာ နှစ်ဦးတွဲမြင်ရတာက နွေးထွေးတဲ့အငွေ့အသက်တွေခံစားရတယ် လို့ပြောနေကြပါတယ်။

အဖြူရောင်ကုတ်အင်္ကျီဝတ်ထားတဲ့ Im Si Wan နဲ့ အနက်ရောက်ကုတ်အင်္ကျီနဲ့ Park Bo Gum တို့နှစ်ဦးရဲ့ပုံဟာ လိုက်ဖက်ညီမှုရှိလှပြီး ပရိသတ်တွေကြားမှာတော့ သူတို့ရဲ့ ခင်မင်ရင်းနှီးမှုကိုသဘောကျနေကြတဲ့ သူတွေရှိသလို၊ သူတို့ကို ship ပေးနေကြတဲ့သူတွေလည်း အများကြီးရှိနေပါတယ်။

အရင်ကတည်းက တော်တော်ရင်းနှီးပြီး ခင်မင်ကြတဲ့ သူငယ်ချင်းနှစ်ဦးရဲ့ Movie ဒိတ်လေးကတော့ အားလုံးရဲ့အာရုံစိုက်မှုကို ရရှိနေပါတယ်။