မှောင်မိုက်တဲ့ညတွေကိုဖန်တီးပေးမယ့် ၃ ပွင့်ဆိုင် BL ဇာတ်ကားသစ်…

//s9.kh1.co/e8/e8480af86c2c88f1b2189012c6fb0c2b08a675ee.jpg
အနုပညာရှင်များ

 ၁၅-နို-၂၀၂၂ ၈pm · လွန်ခဲ့သော ၃ နှစ် က

မှောင်မိုက်တဲ့ညတွေကိုဖန်တီးပေးမယ့် ကိုရီးယား ၃ ပွင့်ဆိုင် BL ဇာတ်ကားသစ်…

မြန်မာပြည်ကဒရမ်မာကြိုက်သူတွေကြား ကိုရီးယားရဲ့ BL ဒရမ်မာတွေနဲ့အကျွမ်းတဝင်မရှိသေးပေမယ့် အခုထွက်မယ့် BL ဒရမ်မာကတော့ ကြည့်သင့်အထဲပါတယ်လို့ ပြောရပါမယ်။"Happy Ending Romance" လို့နာမည်ပေးထားတဲ့ အဲ့ဒီဒရမ်မာမှာဆိုရင် ယောကျာ်းလေးသုံးယောက်ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို ရိုက်ပြထားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=279,q=100/81/8124fa3c5b2d775dad8eb00063062e6ccfe59082.jpg

ဇာတ်လမ်းထဲမှာတော့ စာပေနဲ့ ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းထဲမှာ လုပ်ကိုင်နေတဲ့ စာရေးဆရာနှစ်ယောက်နဲ့ CEO တို့ကြားက အချစ်ဇာတ်လမ်းလေးကို တွေ့ရမှာဖြစ်ပြီး ပျော်ရွှင်မှုကိုဘယ်လိုရှာဖွေကြမလဲဆိုတာကိုလည်း ရင်ခုန်စွာကြည့်ရမှာပါ။

https://s9.kh1.co/__image/w=650,h=916,q=100/a2/a2614ce5d2acfb4eb0de0bbf2cace834822be372.jpg

ဇာတ်ကားထဲမှာပါဝင်မယ့် မင်းသားသုံး‌ယောက်ထဲက Leo ဆိုတဲ့တစ်ယောက်ကတော့ VIXX အဖွဲ့ထဲက idol တစ်ယောက်ဖြစ်ပါတယ်။ ထွက်လာတဲ့ပိုစတာထဲမှာ ပျော်ရွှင်မှုကိုရှာဖွေရာခရီးဆိုတဲ့ စာသားတွေ့ရပြီး ဇာတ်ကားကတော့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထွက်ရှိသွားမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=462,q=100/64/645d1cbf7c78baf4529fc5e1d58c8c46f92389c8.jpg

BL ကားတွေသိပ်ရိုက်လေ့မရှိတဲ့ ကိုရီးယားမှာ ရိုက်လိုက်တဲ့ BL ကားတွေကလဲ အနှစ်တွေချည်းပါပဲ။ သုံးပွင့်ဆိုင်ဆိုတော့ ပရိသတ်တွေ မှောင်မှောင်မဲမဲထဲ စောင်ကိုက်ကြည့်ရမယ့် ပုံပါပဲ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T