BLACKPINK ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Rose ဟာ သူမရဲ့ Fan တစ်ချို့သယသိတဲ့လျှို့ဝှက်ချက်တစ်ကို ထုတ်ဖော်ပြီးနောက် ပရိသတ်တွေက သဘောတွေကျနေကြပါတယ်။


Rose က နီမြန်းတဲ့မျက်နှာလေးနဲ့ "သူမက အစားအများကြီးစားရတာ ကြိုက်တဲ့သူပါ၊ အချိန်တိုင်းလိုလို ဝါးစားဖို့ တစ်ခုခုကို အမြဲရှာနေတဲ့သူဖြစ်ပြီး ပါးစပ် ကို အလွတ်ထားရတာကို မကြိုက်ပါဘူး။ ဖျော်ဖြေပွဲမစခင် အနည်းဆုံး မုန့်တစ်ခုခု ဒါမှမဟုတ်အသီးအနှံတွေကို စားဖြစ်ပါတယ်။ ဖျော်ဖြေပွဲမစခင် ဘာမှမစားရင် နေမကောင်းဖြစ်ပြီး ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေသလို ခံစားရပါတယ်" လို့ ပြောပြခဲ့ပါတယ်။


အစားအသောက်က Rose ဘဝရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သူမရိုက်ကူးရေးလုပ်တိုင်း သူမဆီ မှာ စားစရာတစ်ခုခုရှိနေတတ်ပါတယ်။ ဒီအကြောင်းကို တစ်ချို့ပရိသတ်တွေကတော့ သတိမထားမိကြပါဘူး။


သူမက စားတာများပေမယ့် သူမစားတဲ့ အစားအစာ အများစုက သခွားသီး၊မုန်လာဥနီ အစရှိတဲ့ လတ်ဆတ်တဲ့ အသီးအရွက်တွေပါ။ အဆာပြေအနေနဲ့ကတော့ကိုယ်အလေးချိန်တတ်စေတဲ့ အကြော်တွေအစား အသီးအနှံတွေကို စားပါတယ်လို့ဆိုပါတယ်။

သတင်း အရင်းအမြစ်៖ Popular.com





