ချစ်သူလေး YaYa ကို ပိုချစ်သွားအောင် ရိုဆန်တဲ့စကားလုံးတွေနဲ့ အားလုံးရှေ့မှာ ပြောပြခဲ့တဲ့ Nadech

//s9.kh1.co/dd/dd01debc382d7a1a88d52171b649b0dca92c508a.jpg
အနုပညာရှင်များ

 ၁၂-နို-၂၀၂၂ ၄pm · လွန်ခဲ့သော ၃ နှစ် က

Yaya က ကျွန်တော့်ဘဝအတွက် အဓိပ္ပါယ်ရှိတဲ့ သူဖြစ်ပြီး ကမ္ဘာပေါ်မှာ Yaya တစ်ယောက်ထဲကိုသာ အချစ်ဆုံး လို့ …

ထိုင်း Channel 3 မင်းသား Nadech Kugimiyas နဲ့ မင်းသမီး Yaya Urassayas တို့ ဟာ တွဲလာခဲ့ကြတာ အခုဆိုရင် ချစ်သူသက်တမ်း 11 နှစ်ကျော်ရှိနေပြီဖြစ်ပြီး သူတို့ရဲ့မင်္ဂလာပွဲကို ပရိသတ်တွေက စောင့်မျှော်နေကြတာပါ။

https://s9.kh1.co/__image/w=650,h=813,q=100/20/2016d73e75539f7059e7212a24648ab21653e61c.jpg

ဆိုရှယ်မီဒီယာမှာ အမြဲလိုလို ချစ်စရာကောင်းနေတဲ့ စုံတွဲလေးဖြစ်တဲ့ Nadech နဲ့ Yaya တို့ဟာ နှစ်တွေကြာသွားလည်း မပြောင်းလဲတဲ့ ချစ်ခြင်းတွေနဲ့ စတွဲခါစက ချစ်ကြည်နူးနေကြသလို လူမှုကွန်ယက်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုချစ်ကြောင်း အမြဲဖော်ပြနေကြပါပဲ။

https://s9.kh1.co/__image/w=650,h=813,q=100/e6/e6ee3b83c52798683efd6e3c1baa46b4c67ea64e.jpg

မကြာသေးမီက “Standard Pop” ဆိုတဲ့ အင်တာဗျူးတစ်ခုမှာ သူတို့ရဲ့ အချစ်ကြောင်းလေးနဲ့ ပတ်သက်ပြီး အင်တာဗျူးလုပ်ခဲ့ပါတယ်။ Nadech ကတော့ အဲ့ အစီအစဉ်မှာ YaYa ကိုပိုချစ်သွားအောင် စကားလုံးတွေနဲ့ ချုပ်သွားခဲ့ပါတယ်။ Nadech က Yaya ကို ကမ္ဘာပေါ်မှာ အချစ်ရဆုံးအမျိုးသမီးတွေထဲက တစ်ယောက်လို့ ပြောသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=373,q=100/65/655482fca15be59976fde15c0566721ec7abe1ea.jpg

ဒါ့အပြင် Nadech က “ သူအလုပ်တွေ မပင်ပန်းဘဲလုပ်နိုင်နေတဲ့ အကြောင်းရင်းတစ်ခုက Yaya ကြောင့်ပါပဲ။ Yaya က ကျွန်တော့်ဘဝအတွက် အဓိပ္ပါယ်ရှိစေတဲ့သူတစ်ယောက်ပါ။ Yaya နဲ့မဆုံခဲ့ရင် ကျွန်တော် ကြံ့ခိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော် အဆိုးရွားဆုံးအခြေအနေတွေနဲ့ ကြုံခဲ့ရတိုင်း Yaya က ကျွန်တော့်ကို အကြံအဉာဏ်တွေပေးပြီး ဘေးကနေ အမြဲ Support ပေးပါတယ်။  

Photo Credit : Popular.com
Photo Credit : Popular.com

သူ့ကို ဘယ်လိုအကြံဉာဏ်နဲ့ ဆောင်ရွက်ပေးနေပါစေ သူ့ကို ဆွဲထုတ်ပြီး ပံ့ပိုးပေးတဲ့သူပါ။ ဒါကြောင့်  Yaya ကို ကမ္ဘာပေါ်မှာ အချစ်ဆုံးပဲ” ဆိုပြီး Yaya ရှေ့မှာ ရိုဆန်တဲ့ စကားတွေနဲ့ ချုပ်လိုက်ပါတော့တယ်။ ရည်းစားဖြစ်သူရဲ့ ပါးစပ်က ဒီလိုစကားတွေကြားတော့ မင်းသမီး YaYa ကလည်း ရှက်ရှက်နဲ့ ပြုံးပြီး ကျေနပ်နေပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

သတင်း အရင်းအမြစ် Popular.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T