မှောင်မိုက်တဲ့ညတွေကိုဖန်တီးပေးမယ့် ကိုရီးယား ၃ ပွင့်ဆိုင် BL ဇာတ်ကားသစ်…

//s9.kh1.co/13/1327b5bdeefc4b186a4d99d4726fcf7a51fdf10d.jpg
အနုပညာရှင်များ

 ၁၂-နို-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

စာပေနဲ့ ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းထဲမှ…

မြန်မာပြည်ကဒရမ်မာကြိုက်သူတွေကြား ကိုရီးယားရဲ့ BL ဒရမ်မာတွေနဲ့အကျွမ်းတဝင်မရှိသေးပေမယ့် အခုထွက်မယ့် BL ဒရမ်မာကတော့ ကြည့်သင့်အထဲပါတယ်လို့ ပြောရပါမယ်။

https://s9.kh1.co/__image/w=650,h=279,q=100/33/33e03d079fa30a129cb37dba52692053b7316f9d.jpg

"Happy Ending Romance" လို့နာမည်ပေးထားတဲ့ အဲ့ဒီဒရမ်မာမှာဆိုရင် ယောကျာ်းလေးသုံးယောက်ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို ရိုက်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ စာပေနဲ့ ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းထဲမှာ လုပ်ကိုင်နေတဲ့ စာရေးဆရာနှစ်ယောက်နဲ့ CEO တို့ကြားက အချစ်ဇာတ်လမ်းလေးကို တွေ့ရမှာဖြစ်ပြီး ပျော်ရွှင်မှုကိုဘယ်လိုရှာဖွေကြမလဲဆိုတာကိုလည်း ရင်ခုန်စွာကြည့်ရမှာပါ။

https://s9.kh1.co/__image/w=650,h=916,q=100/47/47e986c96268270b951c41448aed621b80e3feb1.jpg

ဇာတ်ကားထဲမှာပါဝင်မယ့် မင်းသားသုံး‌ယောက်ထဲက Leo ဆိုတဲ့တစ်ယောက်ကတော့ VIXX အဖွဲ့ထဲက idol တစ်ယောက်ဖြစ်ပါတယ်။ ထွက်လာတဲ့ပိုစတာထဲမှာ ပျော်ရွှင်မှုကိုရှာဖွေရာခရီးဆိုတဲ့ စာသားတွေ့ရပြီး ဇာတ်ကားကတော့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထွက်ရှိသွားမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=462,q=100/55/554604090bc3ca1402f87fa6c3d4e128e77f8df1.jpg

BL ကားတွေသိပ်ရိုက်လေ့မရှိတဲ့ ကိုရီးယားမှာ ရိုက်လိုက်တဲ့ BL ကားတွေကလဲ အနှစ်တွေချည်းပါပဲ။ သုံးပွင့်ဆိုင်ဆိုတော့ ပရိသတ်တွေ မှောင်မှောင်မဲမဲထဲ စောင်ကိုက်ကြည့်ရမယ့် ပုံပါပဲ။ 
Photos- credit 

Source: Soompi 

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T