BTS အဖွဲ့ဝင်ဖြစ်တဲ့ Jungkook အနေနဲ့လာမယ့်ရက်ပိုင်းအတွင်းကျင်းပတော့မယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲကြီးမှာ ဖျော်ဖြေသွားမှာဖြစ်တယ်လို့ Big Hit ကတရားဝင်သတင်းထုတ်ပြန်လာပါတယ်။

BTS တွေအနေနဲ့ ကမ္ဘာ့ဖလားသီချင်းသီဆိုပြီး ကွင်းအတွင်းမှာဖျော်မယ်လို့ မူလက ကောလဟာလတွေထွက်နေခဲ့ပေမယ့် နိုဝင်ဘာ ၁၂ ရက်ကထုတ်ပြန်တဲ့အဲ့ဒီထုတ်ပြန်ချက်ထဲမှာတော့ BTS တစ်ဖွဲ့လုံးကွင်းထဲဖျော်ဖြေမှာမဟုတ်ပဲ Jungkook တစ်ယောက်တည်းသာ BTS အဖွဲ့ကိုကိုယ်စားပြုပြီး ကွင်းအတွင်းဖျော်ဖြေတင်ဆက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကာတာကမ္ဘာ့ဖလားဖွင့်ပွဲကို နိုဝင်ဘာ ၂၀ ရက်နေ့မှာ Al Bayt Stadium ကွင်းကြီးမှာကျင်းပသွားမှာဖြစ်ကာ ဖွင့်ပွဲနဲ့အတု ကာတာနဲ့ အီကွေဒေါအသင်းတို့ ကန်ကာ ကမ္ဘာ့ဖလားပွဲတွေကိုဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

BTS အဖွဲ့ဝင်တွေကတော့ အစကတည်းက Hyundai ရဲ့ "Global world of the century" ambassador တွေဖြစ်ကြကာ မကြာခင်မှာသူတို့ရဲ့ကမ္ဘာ့ဖလားသီချင်းကို ထုတ်လွှင့်ပေးသွားမယ်လို့ Big Hit ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
Photos- credit
Source: BTS Twitter