မကြာသေးမီက ကိုရီးယားမီဒီယာတွေက Hyun Bin ရဲ့ ရုပ်ရှင်အသစ်ဖြစ်တဲ့ 'Harbin' ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေး နဲ့ သရုပ်ဆောင်အဖွဲ့ဝင်တွေကို လတ်ဗီးယားနိုင်ငံကို နောင်နှစ် 2023 ဇန်နဝါရီမှာ သွားဖို့ရှိတယ်လို့ ဖော်ပြထားခဲ့ပါတယ်။


ရုပ်ရှင်လုပ်ငန်းက ကိုယ်စားလှယ်တွေရဲ့ ပြောကြားချက်အရ 'Harbin' အဖွဲ့သားတွေက လတ်ဗီးယားနိုင်ငံရဲ့ ကြီးမားတဲ့ နေရာတစ်ခုမှာ နောင်နှစ် ဇန်နဝါရီ ၂၀ ရက် ကနေ စပြီး တစ်လခွဲကြာ ရိုက်ကူးရေး လုပ်ကြမယ်လို့ဆိုပါတယ်။ Park Jungmin နဲ့ Jeon Yeobin တို့ အပါအဝင် အဓိကသရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေပါ အတူတူသွားမယ့် အချိန်ဇယားကို အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။


ဒါပေမယ့်လည်း အဓိကဇာတ်ဆောင်ဖြစ်တဲ့ Hyun Bin ကတော့ ဇနီးဖြစ်သူ Son Yejin ကိုယ်ဝန်ကြောင့် အချိန်ဇယားကို ပြန်ညှိနေကြောင်း သိရပါတယ်။ Son Yejin ကသာ သတ်မှတ်ချိန်အတိုင်း ဒီဇင်ဘာလမှာ ကလေး မွေးမယ်ဆိုရင် Hyun Bin က နိုင်ငံရပ်ခြားခရီးစဉ်ကြောင့် သူရဲ့သားလေးကို ၂ လ လောက် နီးပါးထားခဲ့ရပြီး Yejin တစ်ယောက်တည်း ပြုစုရမယ့် အခြေအနေဖြစ်ပါတယ်။


Hyun Bin နဲ့ Son Yejin တို့ကတော့ အိမ်ထောင်ပြုပြီး သုံးလအကြာ ဇွန်လမှာ သူတို့ရဲ့ ကိုယ်ဝန်ကို ကြေညာပြီးနောက် ပရိသတ်တွေကလည်း ဝမ်းပန်းတသာနဲ့ ဂုဏ်ပြုပေးခဲ့ကြပါတယ်။ Son Yejin ကတော့ ရှေ့လ ဒီဇင်ဘာလမှာ သားဦးလေးကို မွေးဖွားတော့မှာပဲ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ gstarlive.com