ပျော်ပျော်နေတတ်တာကြောင့် အားလုံးက ချစ်ခင်လေးစားရသူ ၊ စာပေချစ်သူများနှင့် အနုပညာရှင်များကြား အမြဲလေးစားချစ်ခင်ခံရသူ စာရေးဆရာကတော့ ရသစာပေတွေရေးသားတတ်သူ စာရေးဆရာ အကြည်တော် ပဲ ဖြစ်ပါတယ်။

ဆရာအကြည်တော် ဟာ နိုဝင်ဘာ (၁၀) ရက်နေ့ ည (၈)နာရီ(၃၀)မိနစ်အချိန်က အစာရေမြို ကင်ဆာဖြင့် ပင်လုံဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပြီး အဆိုပါ သတင်းဟာ သာမန် ပရိသတ်တွေ အပြင် စာပေအနုပညာချစ် ပရိသတ်တွေအတွက် အတော်လေး ကြေကွဲစရာသတင်းဖြစ်ခဲ့ပါတယ်။

ဒီကနေ့ မွန်းလွဲ (၂)နာရီက ဆရာအကြည်တော်ရဲ့ ဈာပန ကို ရေဝေးသုဿာန်မှာ ကျင်းပခဲ့တယ်လို့ သိရပြီး ၎င်း ဈာပနပွဲ မှာ ဆရာ့မိသားစုဝင်များအပြင် ဆရာ့ကို ချစ်ကြတဲ့ ပရိသတ်ပေါင်းများစွာက ဆရာ့ကိုနောက်ဆုံးအနေနဲ့ လာရောက်နှုတ်ဆက်ခဲ့ကြတယ်လို့ သိရပါတယ်။ အမြဲပျော်ပျော်နေတတ်တဲ့ ဆရာတစ်ယောက် ကောင်းရာမွန်ရာမှာ ပျော်ရွှင်နေနိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။













