အသက် ၇၁ နှစ်အရွယ်ခင်ပွန်းဖြစ်သူနဲ့ ပထမဦးဆုံး လူမြင်ကွင်းကိုထွက်လာတဲ့ ချန်ဂင်မင်းသမီးကြီး

//s9.kh1.co/b3/b3c27a1fedad227b36d4b7b1da74a8db32b00b25.jpeg
အနုပညာရှင်များ

 ၁၁-နို-၂၀၂၂ ၈am · လွန်ခဲ့သော ၃ နှစ် က

အသက် ၇၁ နှစ်အရွယ်ခင်ပွန်းဖြစ်သူနဲ့ပထမဦးဆုံးအကြိမ် လူမြင်ကွင်းပေါ်ထွက်လာတဲ့ ချန်ဂင်မင်းသမီးကြီး

နန်းတွင်းရတနာဇာတ်လမ်းတွဲနဲ့ ချန်ဂင်လို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသမီးကြီး လီယောင်အေးဟာဆိုရင် မကြာသေးမီက ခင်ပွန်းဖြစ်သူနဲ့အတူ အခမ်းအနားပွဲကို အတူတက်ရောက်ခဲ့ပါတယ်။လီယောင်အေးနဲ့သူမရဲ့အမျိုးသားတို့က အသက် ၂၀ နှစ်တိတိကွာပြီး ခင်ပွန်းဖြစ်သူက သူမထက်အသက်ပိုကြီးပါတယ်။

https://s9.kh1.co/__image/w=330,h=500,q=100/91/91591304b8d0f5a816a2d5492f6a510d4f36acb1.jpeg

လီယောင်အေးက လက်ထပ်ပြီးတဲ့အချိန်ကနေ စတင်ပြီး ခင်ပွန်းဖြစ်သူရဲ့ပုံရိပ်ကို ပရိသတ်တွေဆီကို ချပြလေ့မရှိပါဘူး။ လီယောင်အေးရဲ့ခင်ပွန်းဖြစ်သူပုံရိပ်က ရှားရှားပါးပါးမြင်ကွင်းဖြစ်တာကြောင့် ပရိသတ်တွေက များစွာ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=500,h=708,q=100/83/8323ef7563653414862d6461a352b335d917186e.jpeg

သူတို့နှစ်ဦးက ပွဲအခမ်းအနားတွေကိုလည်း အတူတကွ တက်ရောက်လေ့မရှိတာကြောင့် အတူတကွ ပွဲတက်တဲ့ ပုံရိပ်က အရမ်းကို ရှားပါတယ်။

https://s9.kh1.co/__image/w=500,h=679,q=100/8d/8d95162fd5f10eb622abdb5fcecf4542b6013521.jpeg

လီယောင်အေးရဲ့ခင်ပွန်းဖြစ်သူက လက်ရှိမှာ အသက် ၇၀ ကျော်အရွယ် ရှိနေပြီပဲ ဖြစ်ပါတယ်။လီယောင်အေးက သူမထက်အသက် ၂၀ ကျော်အရွယ်ပိုကြီးတဲ့ ခင်ပွန်းဖြစ်သူနဲ့ ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ အမွှာလေး နှစ်ယောက်ကို ဖွားမြင်ခဲ့ပါတယ်။ လီယောင်အေးရဲ့ခင်ပွန်းဖြစ်သူနာမည်က Jung Ho Young ဖြစ်ပြီး Hyundai Group အရောင်းဌာနရဲ့ အကြီးအကဲတစ်ယောက်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=436,q=100/8e/8e3e589ed7237cfcbbac2f578db8b613d73271e0.jpeg

လီယောင်အေးက နာမည်ကြီးတဲ့သူဖြစ်ပြီး ခင်ပွန်းဖြစ်သူကလည်း ချမ်းသာကြွယ်ဝတဲ့သူဖြစ်တာကြောင့် သူတို့ ဇနီးမောင်နှံ နှစ်ယောက်ကို အားကျတဲ့သူတွေ အများကြီးပဲ ဖြစ်ပါတယ်။တောင်ကိုရီးယား နာမည်ကြီး မင်းသမီးကြီး လီယောင်အေးရဲ့ ခင်ပွန်းဖြစ်သူရဲ့ ရှားမှရှားပုံရိပ်ကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=620,h=436,q=100/38/38b1a41e1c8876e62808937c712c50dadedb1a4d.jpeg
https://s9.kh1.co/__image/w=645,h=549,q=100/ec/ec8f2a69cbff323a81e5654ea44f5eb523840eb6.jpeg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T