မော်ဒယ်လ် သရုပ်ဆောင် မင်းသမီးချောလေး ခင်ဝင့်ဝါ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခင်ဝင့်ဝါဟာ လက်ရှိမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ အပြင် တကယ့်ကို မွန်မြတ်ပြီး လူအများ တွက် အကျိုးရှိစေတဲ့ ပရဟိတ လုပ်ငန်းတွေကို ကုသိုလ်ပြု လုပ်ကိုင်နေတာ တွေ့ရပါတယ်။


အလှူရှင်ထည့်ဝင်လှူဒါန်းပေးတာတွေအပြင် သူမရဲ့ အနုပညာကြေးတွေနဲ့ ရပ်နီးရပ်ဝေးက အမှန်တကယ် လိုအပ်နေတဲ့ သူတွေအတွက် တတ်နိုင်တဲ့ဘက်က စားသောက်စရာများ၊ အလှူငွေများကို တတ်စွမ်းသလောက် ကိုယ်တိုင်ကိုယ်ကျ ကူညီထောက်ပံ့ ကုသိုလ်ပြုပေးနေတာ ဖြစ်ပါတယ်။ သူမပြုလုပ်ခဲ့တဲ့ ကုသိုလ်အလှူလေးတွေကလည်း မြင်ရသူတိုင်း ကြည်နူးပီတိဖြစ်စေခဲ့ပါတယ်။

ယခုမှာလည်း မင်းသမီးချောလေး ခင်ဝင့်ဝါက နောက်ထပ် လေးစားကြည်နူးရတဲ့ လှူဒါန်းမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ တစ်ယောက်တည်း ခက်ခဲတဲ့ ဘဝကို ဖြတ်သန်းနေရတဲ့ တစ်ချိန်က လူကြမ်းသရုပ်ဆောင်ကြီး ဦးအာနိုးကို တတ်နိုင်သလောက် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ခင်ဝင့်ဝါကတော့ သူမရဲ့ လူမှုကွန်ယက်မှာ ဦးအာနိုးအား တစ်ဖက်တစ်လမ်းကနေ ကုသိုလ်ပြုခဲ့တာလေး အပြင် ပါဝင်ကုသိုလ်ယူပေးကြတဲ့ အလှူရှင်တွေနဲ့ ကူညီလှူဒါန်းနိုင်အောင် လိုက်လံပို့ဆောင်ပေးသူတို့ကို ကျေးဇူးတင်ရှိကြောင်း ရေးသားဖော်ပြထားခဲ့ပါတယ်။

သတင်း အရင်းအမြစ်៖ Source - khinwintwah