ယမန်နေ့ ၊ နိုဝင်ဘာ (၁၀) ရက်နေ့ ည (၈)နာရီ(၃၀)မိနစ်အချိန်က စာပေချစ်သူတို့ရဲ့အသည်းကျော် စာရေးဆရာအကြည်တော် ဟာ အစာရေမြို ကင်ဆာဖြင့် ပင်လုံဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တယ် လို့ ဆရာ့ မိသားစုဝင်များရဲ့ လူမှုကွန်ယက်မှ တဆင့် သိရပါတယ်။

ဆရာအကြည်တော် ရဲ့နောက်ဆုံးနာရေးခရီးကို မနက်ဖြန် နိုဝင်ဘာ (၁၁) ရက်နေ့ မွန်းလွဲပိုင်းအချိန် ၊ ရေဝေးသုသာန်မှာ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆရာ အကြည်တော် ရဲ့ မိသားစုများထံမှ တဆင့် သိရပါတယ်။ ဆရာအကြည်တော်ရဲ့နောက်ဆုံးခရီး အတွက် မနက်ဖြန် မွန်းလွဲ (၂) နာရီမှာ နေအိမ်က ကားတွေ ထွက်ခွာမှာဖြစ်ကြောင်း ကြေညာထားတာကိုလည်း တွေ့ရပါတယ်။

ဆရာအကြည်တော်ဟာ ကွယ်လွန်ချိန်မှာ အသက် (၅၁) နှစ်ရှိပြီဖြစ်ပြီး အစာရေမျိုပြွန် ကင်ဆာ ကို ထိုင်းနိုင်ငံမှာ သွားရောက်ဆေးကုသမှုခံယူခဲ့ပြီးနောက် ရန်ကုန်ကို ပြန်လည်ရောက်ရှိတဲ့အခါကျမှ ကျန်းမာရေး ရုတ်တရက် ဆိုးရွားလာပြီးနှလုံးရပ်သွားခဲ့လို့ အရေးပေါ်ကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။ ဆေးကုသမှုခံယူနေရင်းမှ အခုအခါ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဆရာ့ကို နာရေးပြုလုပ်ရာမှာ ဂူသွင်းသင်္ဂြိုလ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
ပါ။







