ဖခင်ဖြစ်သူဂျူမုံရဲ့ ပြဇာတ်ပွဲကို ကိုယ်တိုင်ကိုယ်ကျ အားပေးခဲ့ကြတဲ့အမွှာလေးတွေ

//s9.kh1.co/e5/e515a2e7df06d6d74b1590528455e1ce6c2002d3.jpeg
အနုပညာရှင်များ

 ၁၀-နို-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

ဖခင်ဖြစ်သူဂျူမုံရဲ့ ပြဇာတ်ပွဲကို ကိုယ်တိုင်ကိုယ်ကျ အားပေးခဲ့ကြတဲ့အမွှာလေးတွေ

ဂျူမုံလို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသားကြီး ဆောင်းအီကွတ်ဟာဆိုရင် တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့ အသည်းစွဲမင်းသား ဖြစ်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ မင်းသားကြီး ဆောင်းအီကွတ် ၂၀၀၈ ခုနှစ်မှာ ချစ်ရသူနဲ့လက်ထပ်ခဲ့ပြီး ဒယ်ဟန် ၊ မင်ကွတ်နဲ့ မန်ဆန်လို့ခေါ်တဲ့ အမွှာကလေး ၃ ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ 

Google
Google

ဆောင်းအီကွတ်က မျိုးရိုးလိုက်တဲ့ မျက်စိရောဂါကို ခံစားနေရတဲ့သူဖြစ်ပြီး ကျန်းမာရေး အခြေအနေကြောင့် အနုပညာအလုပ်တွေ လုပ်တာကို ရပ်နားထားတဲ့သူဖြစ်ပါတယ်။

Google
Google
Google
Google
Google
Google

အနုပညာ လှုပ်ရှားမှုတွေကနေ အချိန် ၂ နှစ်ကြာ ရပ်နားထားတဲ့ မင်းသားကြီးဆောင်းအီကွတ်ဟာ မကြာသေးမီအချိန်က 42nd street ပြဇာတ်နဲ့ ပရိသတ်တွေ အရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ 

Google
Google
Google
Google

ဖခင်ဖြစ်သူနဲ့အတူ အချိန်အတော်ကြာ ပျောက်နေတဲ့ အမွှာလေးတွေကိုပါ ပြန်လည်မြင်တွေ့ခွင့် ရခဲ့ပါတယ်။ အမွှာလေး နှစ်ယောက်ဖြစ်တဲ့ ဒယ်ဟန်နဲ့မန်ဆယ်တို့က ဖခင်ကြီးရဲ့ ပြဇာတ်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးခဲ့ကြတာဖြစ်ပြီး ချောမောခန့်ညားစွာ အရွယ်ရောက်ကြီးပြင်းလာတာကြောင့် ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။

Google
Google
Google
Google
Google
Google
Google
Google

အမွှာလေး ၃ ယောက် ထဲမှာ ဒယ်ဟန်နဲ့မန်ဆယ်ကိုပဲတွေ့ရပြီး မင်ကွတ်ကိုမတွေ့ရတာကြောင့် ကွတ်ကွတ်လေး ဘယ်ရောက်နေလဲလို့ မေးတဲ့သူတွေလည်းရှိပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T