ကင်ဂျုံးကုနဲ့ ဆောင်းဂျီဟို တို့တစ်ယောက်နဲ့တစ်ယောက် ချစ်မိနေကြကြောင်း ဖွင့်ပြောလာ…

//s9.kh1.co/83/83c68f94e9ff507987e029344e27ae3cc5359bb4.jpg
အနုပညာရှင်များ

 ၀၉-နို-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

တစ်ဦးနဲ့တစ်ဦးဆက်ဆံပုံတွေက သူတို့တွေတွဲနေကြသလားလို့ ..

Running Man ရဲ့အဓိက အဖွဲ့ဝင်တွေဖြစ်တဲ့ ကင်ဂျုံးကုနဲ့ ဆောင်းဂျီဟိုတို့ပါဝင်တဲ့ Running Man နောက်ဆုံးအပိုင်းလေးဟာ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိနေပါတယ်။ အဲ့ဒီအပိုင်းမှာတော့ ကင်ဂျုံးကုနဲ့ ဆောင်းဂျီဟိုတို့ဟာ သူတို့နှစ်ဦးကြားက ဆက်ဆံရေးကိုဝန်ခံသွားခဲ့တာ တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/04/048e13773d55bd9e1e4c56fe8e27d0580910ba43.jpg

ဆောင်းဂျီဟိုနဲ့ ကင်ဂျုံးကုတို့ဟာ Running Man စတင်ထုတ်လွှင့်ချိန်တွေ ကတည်းကပရိသတ်တွေကြားမှာ တွဲစေချင်ကြတဲ့စုံတွဲဖြစ်ပါတယ်။ သူတို့ရဲ့နီးကပ်ပုံနဲ့ တစ်ဦးနဲ့တစ်ဦးဆက်ဆံပုံတွေက သူတို့တွေတွဲနေကြသလားလို့ ပရိသတ်တွေကိုထင်ရောင်၊ ထင်မှားဖြစ်စေပါတယ်။

https://s9.kh1.co/__image/w=650,h=724,q=100/ac/acc8e5203d17e2e9cbecd18aa45c6b91075d4605.png

နိုဝင်ဘာ ၆ ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့ အပိုင်းမှာတော့ BTS အဖွဲ့ဝင် Jin ကိုအထူးဧည့်သည်အနေနဲ့တွေ့ရပြီး Running Man နဲ့ Jin အပါအဝင် အခြားဧည့်သည်တွေအားလုံး အတူတူဂိမ်းတွေကစားခဲ့ကြပါတယ်။

အဲ့ဒီမှာ ယူဂျယ်ဆော့က ဂျီဟိုကိုနင်ဂျောင်းကု ကိုမကြိုက်ဘူးလားလို့ မေးတဲ့အခါ ဂျီဟိုက "မဟုတ်ပါဘူး, ကျမဂျောင်းကုကို တကယ်ချစ်ပါတယ်၊ သဘောကျပါတယ်" လို့ပြောပြီး ဂျောင်းကုရဲ့နှဖူးကိုနမ်းခဲ့တာတွေ့ရပါတယ်။ အဲ့ဒီလိုပြောပြီးနောက်မှာတော့ Running Man အဖွဲ့ဝင်တွေအားလုံးဟာ အံ့ဩသွားခဲ့ကြပြီး ဂျီဟိုနဲ့ ဂျောင်းဂုကို တွဲစေချင်နေတဲ့ ယူဂျယ်ဆော့ကတော့ အပျော်ဆုံးဖြစ်လို့နေပါတယ်။

Photos- credit

သတင်း အရင်းအမြစ် Allkpop

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T