အတိတ်ဆိုးကိုကျော်လွှားပြီးနောက် သူမရဲ့လက်ရှိပုံရိပ်လေးကို ချပြလိုက်တဲ့မင်းသမီး Ko Hyun-jung

//s9.kh1.co/fe/fec2b57c6329a0462eca1164a7d5dce827563f5b.jpeg
အနုပညာရှင်များ

 ၀၈-နို-၂၀၂၂ ၅pm · လွန်ခဲ့သော ၃ နှစ် က

အတိတ်ဆိုးကိုကျော်လွှားပြီးနောက် သူမရဲ့လက်ရှိပုံရိပ်လေးကို ချပြလိုက်တဲ့မင်းသမီး Ko Hyun-jung

တောင်ကိုရီးယားမင်းသမီး Ko Hyun-jung ဟာဆိုရင် မကြာသေးမီက သူမရဲ့ပုံရိပ်လေးကို ပရိသတ်တွေဆီကိုဝေမျှပေးခဲ့ပါတယ်။

Google
Google

အောက်တိုဘာလ  ၇ ရက်နေ့တုန်းက Ko Hyun-jung က သူမရဲ့ အေဂျင်စီရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတဆင့် ဗီဒီယိုလေးတစ်ခုကို ဝေမျှပေးလာခဲ့တာဖြစ်ပါတယ်။ 

Google
Google

ဗီဒီယိုလေးထဲမှာ Ko Hyun-jung က မျက်နှာလေးကို လက်လေးနဲ့ဖုံးထားပြီး ပရိသတ်တွေကို သူမရဲ့ ချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေး ဝေမျှပေးခဲ့ပါတယ်။ 

Ko Hyun-jung က အနက်ရောင်ကုတ်အင်္ကျီလေးကို ဝတ်ထားပြီး ဆံပင်လေးကလည်း ဖြောင့်ဖြောင့်လေးနဲ့ ချစ်ဖို့ကောင်းလွန်းနေပါတယ်။ 

Google
Google

အသက်မွေးဝမ်းကျောင်းလုပ်ငန်း အထွတ်အထိပ်ကို ရောက်နေတဲ့အချိန်၁၉၉၅ ခုနှစ်မှာ Ko Hyun-jung ဟာ Shinsegae Group ရဲ့ စီးအီးအိုနဲ့ လက်ထပ်ခဲ့ပါတယ်။ 

Google
Google

လက်ထပ်ပြီးနောက်မှာ Ko Hyun-jung က အနုပညာလောကကနေ အနားယူခဲ့ပြီး သားလေး တစ်ယောက်နဲ့ သမီးလေး တစ်ယောက်ကို ဖွားမြင်ခဲ့ပါတယ်။ လက်ထပ်ပြီး၈ နှစ်အကြာမှာ Ko Hyun-jung က ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီးသားသမီး နှစ်ယောက်ကိုပါထပ်တွေ့ခွင့်မရခဲ့ပါဘူး။ Ko Hyun-jung  က အချိန်ကြာမြင့်စွာ ဆိုးရွားလွန်းတဲ့ အတိတ်တွေထဲမှာ ပိတ်မိပြီးနောက်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်ခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ 

Google
Google
Google 
Google 

Ko Hyun Jung က ဗီလိန်ဇာတ်ရုပ်တွေ များစွာမှာ သရုပ်ဆောင် ဖူးတဲ့သူဖြစ်တာကြောင့် သူမကို တော်တော်များများက အပေါက်ဆိုးတဲ့သူလို့ ထင်ကြပါတယ်။ Ko Hyun Jung ရဲ့ ကင်မရာနောက်ကွယ်က ဇာတ်ရုပ်အမှန်က ချစ်ဖို့ကောင်းလွန်းပြီး သဘောကောင်းပါတယ်။

Google
Google
Google
Google

 Ko Hyun Jung က လက်ရှိမှာ အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်ပြီးငယ်ရွယ်နုပျိုနေဆဲပဲ ဖြစ်ပါတယ်။ Ko Hyun Jung က ပြီးခဲ့တဲ့နှစ်တုန်းကလည်း JTBC ရဲ့ ဒရမ်မာဖြစ်တဲ့Reflection of You မှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပါသေးတယ်။ 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T