မွေးကင်းစ သမီးလေးကို ထပ်မံမွေးစားလိုက်ပြန်တဲ့ ပရဟိတ မင်းသမီးလေး ခိုင်နှင်းဝေ

//s9.kh1.co/b7/b7665254879060fbd192f610c2bfae6042a34f25.jpg
အနုပညာရှင်များ

 ၀၈-နို-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

လုပ်ရပ်လိုက်ကြတာ ကန်ဘောင်မှာ စွန့်ပစ်သွားတာတဲ့ ... လောကကြီး အတွက် အကျိုးပြုမဲ့ သမီးကောင်း ရတနာလေး ဖြစ်ပါစေ..❤️

ပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချော ခိုင်နှင်းဝေကတော့ အနုပညာလောကမှာလည်း အောင်မြင်မှုတွေ ရထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်သလို ကိုယ်ကျိုးစွန့်ပြီး အလှူအတန်းလည်း ရက်ရောလွန်းတာကြောင့် ပရဟိတမင်းသမီးလေးလို့တောင် တင်စားခေါ်ဝေါ်ကြပါသေးတယ်။

Photo Credit : Khine Hnin Wai's FB Acc
Photo Credit : Khine Hnin Wai's FB Acc
Photo Credit : Khine Hnin Wai's FB Acc
Photo Credit : Khine Hnin Wai's FB Acc

ခိုင်နှင်းဝေက အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံထားရတဲ့ ကလေးလေးတွေကိုလည်း ဖခင်ရော မိခင်လိုပါမေတ္တာအပြည့်နဲ့ စောင့်ရှောက်နေသူလည်းဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ခိုင်နှင်းဝေက ကန်ဘောင်မှာ စွန့်ပစ်ခံရတဲ့ကလေးလေးကို ထပ်မံမွေးစားလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit : Khine Hnin Wai's FB Acc
Photo Credit : Khine Hnin Wai's FB Acc
Photo Credit : Khine Hnin Wai's FB Acc
Photo Credit : Khine Hnin Wai's FB Acc

ခိုင်နှင်းဝေက " မြောက်ဥက္ကလာ အောင်မင်္ဂလာ ကန်ဘောင်ပေါ် မှာ မွေးကင်းစ သမီးလေး တစ်ဦးကို စွန့်ပစ်သွားကြောင်း ရပ်ကွက်မှ တာဝန်ရှိ လူကြီးများ နှင့် "ထာဝရ အလင်းတန်း" ပရဟိတ အသင်း မှ ဆက်သွယ်လာတဲ့ အတွက် လက်ခံ စောင့်ရှောက်ဖြစ်ပါတယ်ရှင်... " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ထပ်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

Photo Credit : Khine Hnin Wai's FB Acc
Photo Credit : Khine Hnin Wai's FB Acc
Photo Credit : Khine Hnin Wai's FB Acc
Photo Credit : Khine Hnin Wai's FB Acc

သတင်း အရင်းအမြစ် Khine Hnin Wai's FB Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T