EXO အဖွဲ့ဝင်ဟောင်း Luhan လက်ထပ်လိုက်ပြီလို့ သတင်းတွေထွက်ပေါ်နေ..

//s9.kh1.co/ed/ed312cc93e1974be1a6f05a1867c3b04ac2a0762.jpg
အနုပညာရှင်များ

 ၀၈-နို-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

သူ့ရဲ့ကောင်မလေးတို့ဟာ ငါးနှစ်လောက်တွဲခဲ့ပြီးမှာတော့...

EXO အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Luhan နဲ့ သူ့ရဲ့ကောင်မလေးဖြစ်တဲ့ Guan Xiaotong နဲ့လက်ထပ်လိုက်ပြီလို့ သတင်းတွေထွက်ပေါ်လျက်ရှိနေပါတယ်။ တရုတ်မီဒီယာတွေဆီကလာတဲ့ သတင်းတွေအရ Luhan နဲ့ သူ့ရဲ့ကောင်မလေးတို့ဟာ ငါးနှစ်လောက်တွဲခဲ့ပြီးမှာတော့ နိုဝင်ဘာ ၆ ရက်နေ့မှာ လက်မှတ်ရေးထိုး လက်ထပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=542,h=700,q=100/c5/c54416be07d98dd226fde99f52d367bb0a7e33f5.jpg

သူတို့စုံတွဲဟာ နောက်နှစ်ထဲမင်္ဂလာဆောင်သွားမှာဖြစ်ပြီး Luhan က သူ့ရဲ့ကောင်မလေးနဲ့အတူနေဖို့ ဘေဂျင်းမှာဇိမ်ခံအိမ်ကြီးဝယ်ထားပြီးဖြစ်ကာ သူ့ကောင်မလေးကိုတင်တောင်းတုန်းကလည်း ဒေါ်လာ ၁၃ သန်း တန်ဖိုးရှိတဲ့ လက်ဆောင်တွေနဲ့ တင်တောင်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/32/327a52a52c1e5887e1f0ae6a95d95d200c7d58b3.jpg

ဒါပေမယ့်လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေဟာ တရုတ်ဒေသတွင်းမီဒီယာတွေကနေလာတဲ့ အတည်မပြုနိုင်တဲ့သတင်းတွေဖြစ်ကာ သူတို့တကယ်လက်ထပ်, မထပ်ကိုတော့ Luhan ဘက်ကရော၊ သူ့ကောင်မလေးဘက်ကရော တရားဝင်ထုတ်ပြန်အတည်ပြုတာမျိုး မရှိသေးပါဘူး။

https://s9.kh1.co/__image/w=650,h=486,q=100/12/127195ee2985de3177e8236e492d54bb7e11768b.jpg

တဖက်မှာလည်း Luhan နဲ့ Guan Xiaotong တို့နှစ်ဦးဟာ ၂၀၁၇ လောက်ကတည်းက သူတို့တွဲနေကြောင်း လူသိရှင်ကြားအသိပေးခဲ့ပါသေးတယ်။

Photos-credit

သတင်း အရင်းအမြစ် KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T