လူတော်တော်များများလိုချင်နေကြတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ Kim Tae Hee

//s9.kh1.co/08/083d3c88d2c82836e8c793afcea47cfe8489ee32.jpg
အနုပညာရှင်များ

 ၀၅-နို-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

Unnie ရဲ့ အလှကတော့ နတ်သမီးရှုူံးလောက်အောင်ကိုပဲ ပလပ်စတစ်ဆာဂျရီ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ သူမ ရဲ့ မျက်နှာက

ပလပ်စတစ်ဆာဂျရီ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ Kim Tae Hee ရဲ့ မျက်နှာဟာ လူတော်တော်များများ လိုချင်တဲ့ အသွင်အပြင်တွေ ရှိနေပါတယ်။

Photo Credit : kbizoom.com
Photo Credit : kbizoom.com

2013 ခုနှစ် MBC ရဲ့ “Good Day” အစီအစဉ်မှာ Kim Tae Hee ရဲ့ မျက်နှာက မွေးကတည်းက လှပလာခဲ့တာဖြစ်ပြီး  ထိပ်တန်းအလှတရားတွေရဲ့ လက္ခဏာတွေ အားလုံးကို ပေါင်းစပ်ထားတယ်လို့  ပလပ်စတစ် ခွဲစိတ်ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။ သူမရဲ့ မျက်နှာပေါ်ရှိ အသေးစိတ်တိုင်းက ပြီးပြည့်စုံနေပြီး ဘာမှအပြစ်ပြောစရာ မရှိလောက်အောင်ကို နတ်သမီးတစ်ပါးလေးလို လှနေတာပါ။  

Photo Credit : kbizoom.com
Photo Credit : kbizoom.com

Kim Tae Hee က “ချမ်းသာမယ့်မျက်နှာ” မျိုးကို ပိုင်ဆိုင်ထားတယ်လို့ ဆိုကြပါတယ်။  သူမရဲ့ အသွင်အပြင်က မျက်နှာလေးကိုက အေးချမ်းပြီး ကြင်နာတတ်တဲ့ ပုံစံလေးနဲ့ ငွေတွေအများကြီးကို  ပိုင်ဆိုင်နိုင်မယ့် သူဌေးသမီးဖြစ်ကြောင်း ဖော်ပြနေပါတယ်။

Photo Credit : kbizoom.com
Photo Credit : kbizoom.com

“ချမ်းသာတဲ့မျက်နှာ” ကို ပိုင်ဆိုင်ထားတဲ့ အင်္ဂါရပ်တွေကတော့ နဖူးမောက်မောက်လေးက သဘာဝအတိုင်း ချောမွေ့တောက်ပနေတယ်။ နဖူးအရေပြားကလည်း ချောမွေ့ပြီး အရေးအကြောင်းတွေ၊ မွေးရာပါ အမှတ်အသား တွေ မှဲ့တွေ မရှိဘူး။ နှာတံလေးကလည်း မျက်နှာနဲ့ လိုက်ဖက်ညီတဲ့ ပုံစံလေးနဲ့ ချွန်နေပြီ နှာသီးဖျားလေးကလည်း ပွမနေဘဲ  သဘာဝအတိုင်း ကွေးညွှတ်နေရမယ်။ နှာခေါင်းပေါက်တွေကလည်း မကြီးလွန်း မသေးလွန်းတဲ့ ပုံစံမျိုးရှိရမယ်။ ဒီလို မျက်နှာပေါက်မျိုးက ပလပ်စတစ် ဆာဂျရီလုပ်တဲ့ သူတိုင်း လိုချင်ကြတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

Photo Credit : kbizoom.com
Photo Credit : kbizoom.com
Photo Credit : kbizoom.com
Photo Credit : kbizoom.com

သတင်း အရင်းအမြစ် kbizoom.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T