အီထယ်ဝန်မှာဆုံးသွားတဲ့ ရုရှားသူအလောင်းကို ငွေအကုန်အကျခံပြီးရုရှားနိုင်ငံပြန်ပို့ပေးခဲ့တဲ့ ချန်ဂင်မင်းသမီးကြီး

//s9.kh1.co/ea/ead23aba8e1b28aa96d2eefa3d2ce8d923f03431.jpeg
အနုပညာရှင်များ

 ၀၄-နို-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အီထယ်ဝန်မှာဆုံးသွားတဲ့ ရုရှားသူအလောင်းကို ငွေအကုန်အကျခံပြီးရုရှားနိုင်ငံပြန်ပို့ပေးခဲ့တဲ့ ချန်ဂင်မင်းသမီးကြီး

နန်းတွင်းရတနာဇာတ်လမ်းတွဲထဲမှာ ချန်ဂင်မင်းသမီးကြီးလို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသမီး လီယောင်အေး ဟာဆိုရင် အီထယ်ဝန်သရဲများနေ့ပွဲတော်မှာ သေဆုံးခဲ့တဲ့ ရုရှားလူမျိုးကောင်မလေးရဲ့ ရုပ်အလောင်းကိုငွေကြေးအကုန်အကျခံပြီး မူရင်းနိုင်ငံကို ပြန်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=500,h=640,q=100/b9/b9a3a47b6a40f5809e2542ca1cfddabcbad954b7.jpeg

မကြာသေးမီက အီထယ်ဝန်ကသရဲများနေ့ပွဲတော်မှာ သေဆုံးခဲ့တဲ့ ရုရှားနိုင်ငံသူလေး Park Juliana ရဲ့ဖခင်ကသမီးဖြစ်သူရုပ်အလောင်းကို နေရပ်ကိုပြန်သယ်ဖို့ ငွေကြေးမရှိတဲ့အကြောင်း ပြောခဲ့ပါတယ်။ Park Juliana ရဲ့ ရုပ်အလောင်းကို ရုရှားကို ပြန်သယ်ဖို့အတွက် အမေရိကန်ဒေါ်လာ ၅၀၀၀ နီးပါး ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/0d/0d307bd1aee406c6489e75b66a3dd410558d1950.jpeg

Park Juliana ရဲ့ဖခင်က သမီးဖြစ်သူကို ရုရှားနိုင်ငံ ပြန်ခေါ်ချင်ပေမယ့် ဘိုးဘွားရိပ်သာမှာ အလုပ်လုပ်နေတဲ့သူဖြစ်တာကြောင့် ပြန်ခေါ်ဖို့ ငွေကြေး မတက်နိုင်ဘူးလို့ သိရပါတယ်။

https://s9.kh1.co/__image/w=500,h=763,q=100/3a/3a4fb9022de2b962d49db58975408018b400a798.jpeg

ဖခင်ဖြစ်သူကြီးရဲ့ အခက်အခဲတွေကို ကြားပြီးနောက်မှာ တောင်ကိုရီးယား မင်းသမီး လီယောင်အေးက သူမတည်ထောင်ထားတဲ့ Korea Welfare Foundation ကနေတစ်ဆင့် ငွေကြေး အကုန်အကျခံပြီး ရုရှားမလေးရဲ့ ရုပ်အလောင်းကို ပြန်ပို့ပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=559,h=583,q=100/d5/d5ffdd7514d7aa5a86d156d8f916b925f0a236b7.jpeg

လက်ရှိအချိန်မှာတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေ အများစုက သူတို့နိုင်ငံသားတွေရဲ့ ဈာပနပွဲတွေအတွက် ကုန်ကျစားရိတ်တွေအားလုံးကို အကုန်အကျခံပေးလျက်ရှိပါတယ်။အီထယ်ဝန်က သရဲများနေ့ပွဲတော်မှာ ဒဏ်ရာရ သေဆုံးသွားကြသူတွေထဲမှာ နိုင်ငံခြားသား ၁၄ ယောက်ပါဝင်ပါတယ်။  

https://s9.kh1.co/__image/w=630,h=1200,q=100/a7/a77954e6da95d06aba42338dd3636dea9834fec7.jpeg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T