ကောင်မလေးကို ထမင်းဖိတ်ကျွေးပြီး အမေနဲ့ပေးတွေ့ခဲ့တဲ့ EXO အဖွဲ့ဝင်ဟောင်း Tao...

//s9.kh1.co/77/77ae99217db6936e98c8a075144abef75cf421e6.jpg
အနုပညာရှင်များ

 ၀၃-နို-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

Tao နဲ့ ကောင်မလေးတို့နှစ်ဦးသားဟာ အိမ်ထဲကပရိဘောဂ...

Exo အဖွဲ့ဝင်ဟောင်း ဖြစ်တဲ့ တရုတ်အဆိုတော် Tao (Huang Zito) ဟာဆိုရင် SM Entertainment မှာလေ့ကျင့်ခဲ့တဲ့ သင်တန်းသူဟောင်းတစ်ယောက်နဲ့ ဒိတ်လုပ်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။ နိုဝင်ဘာ ၁ ရက်က ဒေသမီဒီယာတွေက ဖော်ပြနေကြတဲ့သတင်းတွေအရ Tao ဟာ အဆိုတော်ကောင်မလေး Xu Yiyang ကို သူ့မိခင်နဲ့တွေ့ပေးဖို့ ခေါ်သွားခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=484,q=100/5b/5b7866dfe8595c07beec85da6ba15bc711d9ea99.png

ထွက်လာတဲ့ပုံတွေမှာတော့ Tao ကကောင်မလေးကို ဟင်းတွေခပ်ထည့်ပေးနေတာတွေ့ရပြီး ရယ်ရယ်မောမော စကားလက်ဆုံကျနေကြတာကိုလည်း တွေ့ရပါတယ်။ ပြီးတော့လည်း Tao နဲ့ ကောင်မလေးတို့နှစ်ဦးသားဟာ အိမ်ထဲကပရိဘောဂ ပစ္စည်တွေကိုလည်း အတူတူရွေ့ပြောင်းနေကြတာကိုလည်း တွေ့ခဲ့ရတာကြောင့် သူတို့နှစ်ဦးတွဲနေကြတယ်ဆိုတဲ့ သတင်းတွေထပ်ပြီးထွက်လာနေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/9e/9ebf9d9efd8e0a4b2c7a619802628ca70af0ccd4.webp

ဖေဖော်ဝါရီလတုန်းကလည်း သူတို့နှစ်ဦးကို ကမ်းခြေမှာတူတူအပန်းဖြေနေတာတွေ့ရပြီး သူတို့တွဲနေကြတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းကတော့ Tao ဘက်သူတို့ဟာရိုးရိုးသာသားခင်မင်ကြတဲ့ သူငယ်ချင်းတွေပါလို့ ပြန်ပြီးငြင်းခဲ့ဖူးပါသေးတယ်။

https://s9.kh1.co/__image/w=524,h=678,q=100/d9/d92add00edbb03bb04631cc9d896c0018cb5033a.jpg

Tao ကတော့ EXO အဖွဲ့နဲ့အတူ ၂၀၁၂ ခုနှစ်မှာပွဲဦးစထွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ ပြဿနာတချို့ကြောင့် အဖွဲ့ကနေနှုတ်ထွက်သွားခဲ့ပြီး တရုတ်မှာအနုပညာလှုပ်ရှားမှုတွေဆက်ပြီး လုပ်နေတယ်လို့ သိရပါတယ်။  

Photos-credit

သတင်း အရင်းအမြစ် KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T