စုံတွဲလက်စွပ်ဝတ်ထားတာကြောင့် တွဲနေပြီလို့သတင်းတွေထွက်နေတဲ့ Park Bo Young နဲ့ Park Hyung Sik

//s9.kh1.co/7a/7aef872728490e85dfa97ec60b60234058bd00d3.jpeg
အနုပညာရှင်များ

 ၀၃-နို-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

စုံတွဲလက်စွပ်ဝတ်ထားတာကြောင့် တွဲနေပြီလို့သတင်းတွေထွက်နေတဲ့ Park Bo Young နဲ့ Park Hyung Sik

တောင်ကိုရီးယားမင်းသမီး Park Bo Young နဲ့ မင်းသား Park Hyung Sik တို့တွဲနေတယ်ဆိုတဲ့သတင်းဟာ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါတယ်။ မင်းသမီး Park Bo Young နဲ့ Park Hyung Sik တို့က ၂၀၁၇ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Strong Woman Do Bong Soon မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက် ရရှိခဲ့တဲ့စုံတွဲလေး ဖြစ်ပါတယ်။

Google
Google

သူတို့ နှစ်ဦးက ဇာတ်လမ်းတွဲ ရိုက်ကူးအပြီးမှာလည်း တွဲနေကြတယ်လို့ သတင်းတွေ ထွက်ရှိခဲ့ပြီး ပရိသတ်တွေ များစွာကလည်း သဘောတူခဲ့ရတဲ့စုံတွဲလေး ဖြစ်ပါတယ်။ 

Google
Google
Google
Google

Park Hyung Sik နဲ့ Park Bo Young  တို့က စီနီယာနဲ့ ဂျူနီယာဆက်ဆံရေးကလွဲရင် ပိုပြီး ထူးခြားကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးမရှိခဲ့ဘဲ သိုသိုသိပ်သိပ်နေထိုင်ခဲ့ကြတဲ့သူလေးတွေ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ဆက်လက်ပြီး စောင့်ကြည့်လျက်ရှိပါတယ်။ ဒီကနေ့မှာတော့ Park Hyung Sik နဲ့ Park Bo Young တို့နှစ်ဦး စုံတွဲလက်စွပ်ဝတ်ထားတဲ့ ပုံရိပ်လေးက ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။  

Google
Google
Google
Google

Park Bo Young ကလည်း သူမရဲ့ Vlive page မှာ livestreaming လုပ်နေရင်းနဲ့ Park Hyung Sik က တကယ်ချစ်ဖို့ကောင်းတဲ့သူဖြစ်ကြောင်း ၊ နွေးထွေးတဲ့နှလုံးသားရှိတဲ့သူဖြစ်ကြောင်း ၊ မာနမရှိဘဲ ကြင်နာတက်တဲ့သူဖြစ်ကြောင်း ၊ သူ့လိုမျိုးယဉ်ကျေးတဲ့သူမျိုး ထပ်မတွေ့နိုင်တော့ကြောင်း စတဲ့ Park Hyung Sik ကို အမွှန်းတင်တဲ့ အချက်လေးတွေ ပြောခဲ့တာကြောင့် ပရိသတ်တွေက သူတို့နှစ်ဦးကို တွဲများနေကြပြီလားလို့ သုံးသပ်ထားတာဖြစ်ပါတယ်။

Google
Google
Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T