ရက်ပိုင်းအတွင်းပြသတော့မယ့် Lee Jung Suk နဲ့ Cha Eun Woo တို့ရဲ့ အက်ရှင်ဇာတ်ကားသစ်..

//s9.kh1.co/e1/e184456fb5fade997a45239ce75caa2f53cc1c6b.jpg
အနုပညာရှင်များ

 ၀၃-နို-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ရုပ်ရှင်ဟာမထွက်ခင်ကတည်းက ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို..

သိပ်မကြာခင်ကမှာ ပြီးသွားခဲ့တဲ့ နာမည်ကြီးဒရမ်မာ Big Mouth မင်းသား Lee Jung Suk ရဲ့နောက်ထပ်ရုပ်ရှင်ဟာမကြာခင်မှာ ထွက်ရှိလာတော့မယ်လို့ သိရပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်ကြတဲ့ Kim Rae Won နဲ့ Lee Jung Suk တို့ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ထားတဲ့ Decibel လို့နာမည်ပေးထားတဲ့ ရုပ်ရှင်ဟာမထွက်ခင်ကတည်းက ပရိသတ်တွေရဲ့ အာရုံစိုက်မှုကိုရရှိနေခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=430,q=100/8a/8a1a119e91fbbac311e111612c5a3a1ac9a3c53f.png

Decibel ဟာဆိုရင် အက်ရှင်ရုပ်ရှင်အမျိုးအစားဖြစ်ပြီး Kim Rae-Won ကရေတပ်ဦးစီးမှူးဟောင်း အဖြစ်သရုပ်ဆောင်ထားပြီး Lee Jongsuk ကတော့‌ဖောက်ခွဲရေးသမားအဖြစ် သရုပ်ဆောင်ထားပါတယ်။  ဇာတ်ကားထဲမှာတော့ Lee Jongsuk ကဘောလုံးကွင်းနှင့် ရေပန်းဥယျာဉ်အပါအဝင် အများပြည်သူများ အပန်းဖြေနေသည့်နေရာများမှာ ဗုံးများတပ်ဆင်ထားကြောင်း Kim Rae-Won ကိုဖုန်းခေါ်ဆို ပြောကြားခဲ့ပြီး

https://s9.kh1.co/__image/w=650,h=434,q=100/bc/bc46637c9cc62c2d0b7408f7724da283542834f4.webp

ဗုံးတွေဟာ အနီးနားပတ်ဝန်းကျင်က အသံတွေက 100 decibels ကျော်သွားတဲ့အခါ ပေါက်ကွဲမယ့် "အသံဗုံး" ဗုံးတွေကိုတပ်ဆင်ထားခဲ့တာဖြစ်ပါတယ်။ ရေတပ်ဦးစီးမှူးဟောင်း Kim Rae-Won အနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကို ရပ်တန့်ရန် ဘယ်လို အသဲအသန်ကြိုးစားရသလဲတိုတာကို ကြည့်ကြရမယ့် ရုပ်ရှင်လဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=933,q=100/fb/fb4b008fc3ee36286550e71d1eb36da43f1361e6.jpg

ရုပ်ရှင်ထဲမှာ မင်းသား Park Byungeun နဲ့ Jung Sanghoon တို့အပြင် နာမည်ကြီး idol မင်းသားဖြစ်တဲ့ Cha Eun Woo လည်း ဧည့်သည်သရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားတာတွေ့ရပါတယ်။ အခုကတော့ ရုပ်ရှင်ရဲ့ပိုစတာထွက်လာပြီဖြစ်ပြီး ရုပ်ရှင်ကိုတော့ နိုဝင်ဘာ ၁၆ ရက်နေ့မှာရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Photos-credit

Source: Koreanwave 

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T