တစ်ခေတ်တခါကနာမည်အကြီးဆုံး မင်းသမီးကြီးဖြစ်တဲ့ “Jewel in the palace (နန်းတွင်းရတနာ)” ထဲက ချန်ဂင်ဟာ ဒရမ်မာအသစ်နဲ့ပရိသတ်ရှေ့ပြန်လာတော့မယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့က ချန်ဂင်လို့လူသိများတဲ့ မင်းသမီးကြီး Lee Young-ae ဟာ ပြင်သစ်ဝတ္ထုကိုအခြေခံထားတဲ့ ‘Maestra’ ဆိုတဲ့ဒရမ်မာမှာပါဝင်ရိုက်ကူးတော့မယ်လို့ သတင်းတွေအရသိရပါတယ်။
အသက် ၅၁ ရှိပြီဖြစ်တဲ့ မင်းသမီးကြီး Lee Young-ae ဟာဆိုရင်ဒရမ်မာမရိုက်တာကြာပြီဖြစ်ပြီး သူ့ရဲ့ comeback အတွက်လည်းအများကြီးပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒရမ်မာထုတ်လုပ်ရေး ကုမ္ပဏီဘက်ကတော့ မကြာခင်မှာပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်တွေနဲ့ မိတ်ဆက်ပွဲလြပ်ပေးသွားမယ်လို့ ပြောထားပါတယ်။
ပရိသတ်တွေကတော့ ချန်ဂင်လို့လူသိများခဲ့တဲ့ မင်းသမီးကြီး Lee Young-ae ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ကွက်တွေကို ပြန်မြင်ချင်နေကြပြီး သူရဲ့အသက်နဲ့မလိုက်အောင် နုပျိုမှုကိုလည်း ချီးကျူးနေကြပါတယ်။
Photos-credit
သတင်း အရင်းအမြစ်៖ KBIZoom