2022 ခုနှစ် ဩဂုတ်လ 17 ရက်နေ့ မှာတော့ Prang Kannarun နဲ့ သူမရဲ့ ချစ်သူ TwoPee တို့ရဲ့ အချစ်ဇာတ်လမ်းဟာ ပြီးဆုံးသွားပြီလို့ သိလိုက်ရတဲ့ အတွက် လူအများနဲ့ ထိုင်းအနုပညာရှင်များစွာ အံ့သြတုန်လှုပ်သွားခဲ့ကြပါတယ်။

သူတို့အတွဲလေးက ၁၀ နှစ်ကျော်တွဲလာပြီး လက်ထပ်ခွင့်တောင် တောင်းထားကြပြီးမှ ကွဲသွားကြတာ ဖြစ်ပါတယ်။ ထိုင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ အဆိုပါ စုံတွဲက ဇွန်လကတည်းက လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် သူတို့စုံတွဲက လမ်းခွဲလိုက်ချိန်မှာတော့ အဆိုတော် Jaja Nongpanee က သူတို့အချစ်ရေးနဲ့ ပတ်သက်ပြီး ရှုပ်နေတယ်လို့လည်း သတင်းတွေ ထွက်နေခဲ့ပါတယ်။ Prang ကတော့ လူသိရှင်းကြား ပြောထားတာတွေ မရှိပါဘူး ။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေတာတွေကြောင့်လား ကြားထဲမှာ Third Party ကြောင့်လား နှစ်ယောက်ရဲ့ Relationship က ပျော်ရွှင်မှု မရှိတော့ကြောင့်လား ဆိုပြီး တွေးတောနေကြတာပါ။


Jaja ဘက်ကလည်း လမ်းခွဲရခြင်း အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဘာမှ ထုတ်ပြောထားတာမရှိတာကြောင့် ပရိသတ်တွေကလည်း ဇဝေဇဝါတွေ ဖြစ်ကုန်ကြတာပါ။

သတင်း အရင်းအမြစ်៖ Popular





