“The Queen’s Umbrella” နဲ့ ဝမ်းနည်းစွာ နှုတ်ဆက်ခဲ့ရပြီဖြစ်တဲ့ အိမ်ရှေ့စံ Bae In-hyuk..

//s9.kh1.co/f1/f18142f079bba47a3d22bdc3453f7e2bd873a40a.jpg
အနုပညာရှင်များ

 ၃၁-အောက်-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

အိမ်ရှေ့စံအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Bae In hyuk ရဲ့အခန်းဟာလည်း..

လက်ရှိအချိန်မှာ လူတွေအကြည့်များဆုံးနဲ့ အကြိုက်ဆုံးဒရမ်မာဖြစ်တဲ့ “The Queen’s Umbrella” ဟာဆိုရင်မနေ့ညကအပိုင်းမှာ လူတွေကိုမျက်ရည်ကျအောင်လုပ်ခဲ့ပါတယ်။ စနေ, တနင်္ဂနွေတိုင်းထုတ်လွှင့်တဲ့ နန်းတွင်းဒရမ်မာ “The Queen’s Umbrella” ဟာဆိုရင်မနေ့က အပိုင်း ၆ ကိုထုတ်လွှင့်ခဲ့ပြီး အဲ့ဒီအပိုင်းမှာဆိုရင် အဓိကဇာတ်ကောင်တစ်ခုဖြစ်တဲ့ အိမ်ရှေ့စံမင်းသား ကွယ်လွန်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=601,q=100/ec/ec5480f18cad66925c6aadefabc45d640436d431.jpg

အိမ်ရှေ့စံမင်းသားဟာ သွေးအားနည်းရောဂါကို နှစ်ရှည်လများခံစားခဲ့ရအပြီးမှာတော့ ကွယ်လွန်သွားခဲ့ပြီး သူကွယ်လွန်တဲ့အခန်းဟာ ပရိသတ်တွေရဲ့ရင်ထဲထိစေခဲ့ပါတယ်။ ဒါကြောင့် အိမ်ရှေ့စံအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Bae In hyuk ရဲ့အခန်းဟာလည်း ပြီးဆုံးခဲ့ပြီး၊ ဒရမ်မာရိုက်ကွင်းကနေ နှုဆ်ဆက်ထွက်ခွါသွားပြီဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=603,q=100/d8/d85be85c7cf3016d50f15d269bb4ee66a3be8019.jpg

Bae In hyuk ကို အခြားသောတွဲဖက်သရုပ်ဆောင်တွေနဲ့ ရိုက်ကွင်းဝန်ထမ်းတွေက နှုတ်ဆက်နေတဲ့ပုံတွေဟာ ကြည့်ရှုစသူတွေကိုခံစားရစေပါတယ်။ ညီအကို ၅ ယောက်နဲ့စခဲ့တဲ့ ဇာတ်လမ်းမှာ အကိုကြီးအိမ်ရှေ့စံကထွက်သွားတဲ့အပြင် အပြင်မှာလည်းဧည့်သည်မင်းသား Bae In hyuk ထွက်သွားလို့ ပရိသတ်တွေရောကျန်တဲ့ သရုပ်ဆောင်တွေဟာလည်း ဝမ်းနည်းနေပုံရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/7a/7a0a13759ef45a89e54a164d65b07225f7b14e3f.webp

“The Queen’s Umbrella” ဟာဆိုရင်တော့လက်ရှိမှာ ကြည့်ရှုနှုန်းအမြင့်ဆုံး ဒရမ်မာဖြစ်နေကာ ပရီသတ်တွေကလည်း အပတ်စဥ်စောင့်မျှော်ကြည့်ရှုနေကြပါတယ်။

Photos-credit

သတင်း အရင်းအမြစ် Koreanwave fb

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T