ချိန်းတွေးနေကြတယ်လို့သတင်းတွေထွက်နေတဲ့ Song Joong Ki နဲ့ မင်းသမီး Kim Tae Ri

//s9.kh1.co/87/8768705e445b22557c55c554e3b5e81439025d7b.jpeg
အနုပညာရှင်များ

 ၂၉-အောက်-၂၀၂၂ ၈am · လွန်ခဲ့သော ၄ နှစ် က

ချိန်းတွေးနေကြတယ်လို့သတင်းတွေထွက်နေတဲ့ Song Joong Ki နဲ့ မင်းသမီး Kim Tae Ri

တောင်ကိုရီးယား သရုပ်ဆောင် Song Joong-ki နဲ့ မင်းသမီး Kim Tae-ri တို့ရဲ့ ချိန်းတွေ့မှု ကောလဟာလတွေ အွန်လိုင်းမှာ ပြန်လည်ပျံ့နှံ့လျက်ရှိပါတယ်။ ကောလာဟလထွက်လာပြီးပြီးချင်းမှာ ပရိသတ်တွေရဲ့ဝေဖန်မှုတွေ ရရှိခဲ့သလို တချို့ ပရိသတ်တွေကလည်း အနုပညာရှင် နှစ်ဦးဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးလျက်ရှိပါတယ်။ 

Google
Google

မင်းသား Song Joong-ki နဲ့ မင်းသမီး Kim Tae-ri တို့ ချိန်းတွေ့နေကြတယ်ဆိုတဲ့ ကောလာဟလထွက်တာ အခုတစ်ခေါက်က ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ သူတို့နှစ်ဦးသားက Netflix ရဲ့ ရုပ်ရှင်ဖြစ်တဲ့ Space Sweepers မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး လိုက်ဖက်မှုရှိလွန်းတာကြောင့် ပရိသတ်တွေက သဘောတူနေကြတာဖြစ်ပါတယ်။ 

Google
Google
Google
Google

ပြီးခဲ့တဲ့နှစ်က ဘူဆန်မှာ ကျင်းပတဲ့ Space Sweepers ရဲ့ ဇာတ်ကားမိတ်ဆက်ပွဲမှာလည်း Song Joong-ki က Kim Tae-ri ပွဲအခမ်းအနား မတက်ရောက်နိုင်ခဲ့တဲ့အပေါ် အထူးတလည်ပြောခဲ့ပါသေးတယ်။ Song Joong-ki ကအကယ်၍ ဒီပွဲမှာသာ Kim Tae-ri ရှိနေခဲ့ရင် အရမ်းကောင်းမှာပဲလို ခဏခဏ ပြောခဲ့တာကြောင့် ပရိသတ်တွေကသူတို့ နှစ်ဦး ဆက်ဆံရေးကို သံသယဝင်ခဲ့ကြတာဖြစ်ပါတယ်။ 

Google
Google

မင်းသမီး Kim Tae-ri ကလည်း ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလတုန်းက “Space Sweepers” နဲ့ ပတ်သက်တဲ့အင်တာဗျူးမှာလည်း Song Joong-ki က သူမရဲ့ ပတ်ဝန်းကျင်ကလူတွေကို သက်တောင့်သက်သာ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ စကားပြောတဲ့နေရာမှာလည်း စီနီယာတစ်ယောက်လို မျိုး ပြောခဲ့ပေမယ့် Song Joong-ki ကလွတ်လွတ်လပ်လပ်ပြောဆိုဖို့ မှာခဲ့တာကြောင့် ပေါ့ပေါ့ပါးပါးပြောဆိုခွင့် ရခဲ့တယ်လို့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။ 

Google
Google
Google
Google

Song Joong-ki နဲ့ Kim Tae-ri တို့က ဇာတ်ကားထဲမှာ လိုက်ဖက်လွန်းတဲ့အပြင် ဇာတ်ကားမိတ်ဆက်ပွဲတွေမှာပါထူးထူးခြားခြား ရင်းနှီးနေတာကြောင့် ပရိသတ်တွေက သူတို့ကို အမြဲမပျက်စောင့်ကြည့်နေတာဖြစ်ပါတယ်။ 

Google
Google

ယမန်နေ့ညကလည်း သူတို့နှစ်ဦးနဲ့ ချိန်းတွေ့နေကြတယ်ဆိုတာနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ အဆက်မပျက်ထွက်ရှိခဲ့ပါတယ်။ 

Google 
Google 

ကောလာဟလနဲ့အတူ ထွက်ရှိလာတဲ့ ဓာတ်ပုံတွေက မမှန်ကန်တာကြောင့် ချိန်းတွေ့နေတယ်ဆိုတာကို သီးခြား အတည်မပြုနိုင်ပေမယ့် တောင်ကိုရီးယားက Netizen တွေကတော့ “သူတို့နှစ်ယောက် ချိန်းတွေ့ဖို့တကယ်ကို မျှော်လင့်ပါတယ်။” “သူတို့နှစ်ယောက်လုံး က ချစ်ဖို့ကောင်းပြီး လိုက်ဖက်တာပဲလေ “ ၊  “ဒီချိန်းတွေ့တဲ့ကောလာဟလတွေက အမှန်ဆိုရင် သူတို့လက်ထပ်ဖို့တောင် မျှော်လင့်ပါတယ်” စသဖြင့်အားပေးတဲ့ မှတ်ချက်တွေအများအပြားရေးထားကြပါတယ်။ 

Source - Kbizoom

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T