အိမ်ထောင်သက် ၁၉ နှစ်ပြည့်တဲ့နေ့လေးမှာ ချစ်ဇနီးလေးကို ရင်ထဲမမေ့စေမယ့်စကားလေးပြောခဲ့တဲ့အာဇာနည်

//s9.kh1.co/28/281108858494c2588cb1daa0622dcb17f8f5f8ad.jpeg
အနုပညာရှင်များ

 ၂၇-အောက်-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

အိမ်ထောင်သက် ၁၉ နှစ်ပြည့်တဲ့နေ့လေးမှာ ချစ်ဇနီးလေးကို ရင်ထဲမမေ့စေမယ့်စကားလေးပြောခဲ့တဲ့အာဇာနည်

အဆိုတော် အာဇာနည်ဟာဆိုရင် မြန်မာပြည်မှာ ဟစ်ဟော့ဂီတကို စပြီး မိတ်ဆက်ပေးခဲ့တဲ့ ACID အဖွဲ့ဝင်ထဲက တစ်ယောက်ဖြစ်ပါတယ်။ အာဇာနည်ရဲ့နာမည်အရင်းက ဇာနည်မျိုးညွှန့်ဖြစ်ပါတယ်။

Google
Google

အာဇာနည်က နောက်ပိုင်းမှာလည်း ACID အဖွဲ့ထဲကနေခွဲထွက်ပြီး တစ်ကိုယ်တော်အဆိုတော်အဖြစ် ရပ်တည်ပြီးနောက်မှာလည်း အောင်မြင်မှုတွေ များစွာ ရရှိခဲ့ပါတယ်။ အာဇာနည်က အဆိုတော်အဖြစ် နာမည်မရခင်ကတည်းက အိမ်ထောင်ရှိတဲ့သူဖြစ်ပါတယ်။ အာဇာနည်ရဲ့ဇနီးနာမည်က ဝမ်းဖြစ်ပါတယ်။ အာဇာနည်က ၂၀၀၃ ခုနှစ်ကတည်းက လက်ထပ်ထားတဲ့သူဖြစ်တာကြောင့် လက်ရှိမှာ သူ့ရဲ့အိမ်ထောင်သက်က ၁၉ နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ 

Google
Google

ဒီကနေ့ အိမ်ထောင်သက် ၁၉ နှစ်ပြည့်သွားတဲ့နေ့မှာ အဆိုတော်အာဇာနည်က သူ့ချစ်ရတဲ့ ဇနီးလေးကို ရင်ထဲအမှတ်ရစေမယ့် စကားလေး ပြောခဲ့ပါတယ်။ အဆိုတော် အာဇာနည်ပြောခဲ့တဲ့ စကားလေးကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

Google
Google

“အမှတ်တရနေ့လေးမို့ပါ

         အချိုးကွေ့များစွာ အတတ်အကျများစွာ အတူရင်ဆိုင်ဖြတ်သန်းကြရဆဲပဲ မိန်းမရေ 

19th Anniversary  ❤️❤️ ပါ။” 

Google
Google

အဆိုတော်အာဇာနည်ရေးထားတဲ့စာသားလေးက တိုတောင်းပေမယ့် တကယ့်ကိုရင်ထဲထိခိုက် ခံစားရပါတယ်။ အိမ်ထောင်သက် ၁၉ နှစ်ပြည့် နှစ်ပတ်လည်နေ့လေးမှာ ဇနီးဖြစ်သူကို တန်ဖိုးရှိတဲ့ အမှတ်တရ စကားလေး ဝေမျှပေးခဲ့တဲ့ အဆိုတော် အာဇာနည်ရဲ့အကြောင်းလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T