သမီးလေးကို ဆုံးရှုံးခဲ့ရတဲ့အပြင်အနုပညာလောကထဲကပါပျောက်သွားရတဲ့ မင်းသမီးကြီး Ok So Ri အကြောင်း

//s9.kh1.co/db/dbe7bdf7cc74e84a7fabec16e25973df0759c792.jpeg
အနုပညာရှင်များ

 ၂၇-အောက်-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

သမီးလေးကို ဆုံးရှုံးခဲ့ရတဲ့အပြင် အနုပညာလောကထဲကပါ ပျောက်သွားရတဲ့ မင်းသမီးကြီး Ok So Ri အကြောင်း

တောင်ကိုရီးယားမင်းသမီးကြီး Ok So Ri ဟာဆိုရင် ၉၀ ပြည့်နှစ်တွေတုန်းက တဟုန်ထိုး အောင်မြင်ကျော်ကြားခဲ့တဲ့သူဖြစ်ပါတယ်။ Ok So Ri က အလှအပစံချိန်စံနှုန်းတွေနဲ့ ကိုက်ညီတဲ့သူဖြစ်ပြီး အရည်အချင်းရှိလွန်းတဲ့သူဖြစ်တာကြောင့် သူမကို အားပေးတဲ့ ပရိသတ်တွေဟာလည်း အများကြီးပဲ ဖြစ်ပါတယ်။ 

Google
Google

ငယ်ရွယ်စဉ်အချိန်မှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမယ့် Ok So Ri က ရုပ်ရှင်ကားတိုင်းမှာ မပါဝင်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှာ Ok So Ri က အိမ်ထောင်ပြုခဲ့ပြီး အနုပညာလောကထဲကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၀၈ ခုနှစ်မှာ Ok So Ri ရဲ့ခင်ပွန်းဖြစ်သူ Park Chul က Ok So Ri ကို အော်ပရာအဆိုတော် ၊ အီတလီစားဖိုမှူး စတဲ့ ယောကျာ်းတွေနဲ့ဖောက်ပြန်နေတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။ Park Chul က ဇနီးဖြစ်သူ Ok So Ri ကိုထောင်ဒဏ် ၂ နှစ်အထိ ချခဲ့ပြီး Ok So Ri ရဲ့ ဇနီးတာဝန်မကျေတဲ့အပေါ်စွပ်စွဲခဲ့ပါတယ်။ 

Google
Google

Ok So Ri က စစ်ဆေးမှုများပြုလုပ်ပြီးနောက်မှာ အမှုရှုံးခဲ့ပြီး ဝမ်သန်း ၈၇၀ကျော် လျော်ကြေးပေးဆောင်ခဲ့ရပါတယ်။ သမီးဖြစ်သူကိုလည်း ထိန်းသိမ်းစောင့်ရှောက်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။ သမီးဖြစ်သူကို လစဉ်လတိုင်း ထောက်ပံ့ကြေး ၁ သန်းကို ၂၀၁၉ ခုနှစ်အထိပေးဆောင်ဖို့တာဝန်ပေးခြင်းလည်း ခံခဲ့ရပါတယ်။

Google
Google
Google
Google

  အမျိုးမျိုးသော ဖိအားတွေ ကြားထဲမှာ Ok So Ri က အနုပညာလောကထဲကနေပါ ထွက်ခဲ့ရပြီး လက်ရှိအချိန်အထိ နောင်တတွေနဲ့နေခဲ့ရပါတယ်။

Google
Google

အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့်လည်း အနုပညာလောကထဲကနေ ပျောက်ကွယ်သွားရတဲ့ အပြင် သမီးလေးနဲ့ပါ တွေ့ခွင့်မရှိတော့တဲ့ တောင်ကိုရီးယားမင်းသမီး Ok So Ri ရဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T