မကြာခင်မှာ လူ့လောကထဲကို ရောက်လာတော့မယ့် သားလေးကို စောင့်မျှော်နေကြတဲ့ P Push တို့ ဇနီးမောင်နှံ

//s9.kh1.co/cc/cc9db81857637fda0f4d82cfd46fa3265e9cc485.jpg
အနုပညာရှင်များ

 ၂၆-အောက်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

အသက် ၄၀ နား နီးမှရတဲ့ ကလေးလေးမို့ အရမ်းကို သည်းသည်းလှုပ်ဖြစ်နေကြတာ ..

မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ထိုင်းမင်း P Push ကတော့ သူ့ချစ်သူ Jooy နဲ့ ၂၀၁၈ ခုနှစ်ကတည်းက  လက်ထပ်သွားခဲ့ကြတာဖြစ်ပြီး မမနဲ့ မောင်လေး အတွဲဆိုပြီး နာမည်ကြီးကြပါတယ်။ လက်ထပ်ပြီး ၃ နှစ်အကြာမှာတော့ သူတို့လိုချင်နေတဲ့ သားဦးလေးကို ရရှိပိုင်နေပြီပဲ ဖြစ်ပါတယ်။

Photo Credit : warattaya's IG Acc
Photo Credit : warattaya's IG Acc
Photo Credit : warattaya's IG Acc
Photo Credit : warattaya's IG Acc

Jooy က  လက်ရှိမှာ အသက် ၃၉ နှစ်အရွယ်ရှိပြီမို့ အသက်ကြီးမှ ရတဲ့ကလေးလေးမို့ သူမကိုယ်တိုင်ကရော ခင်ပွန်းဖြစ်သူ P Push က ပါ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေတာပါ။ လက်ရှိမှာတော့ Jooy က ကိုယ်ဝန် ၈ လ ရှိပြီဖြစ်ပြီး ရှေ့လဆိုရင် မွေးဖွားတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : warattaya's IG Acc
Photo Credit : warattaya's IG Acc
Photo Credit : warattaya's IG Acc
Photo Credit : warattaya's IG Acc

သူတို့ စုံတွဲလေးက ပုံလေးတွေကို အမြဲတမ်းမျှဝေလေ့ရှိပြီး ဒီတစ်ခါမှာလည်း ဗိုက်ကလေးဖော်ပြီး လင်မယားနှစ်ယောက် ရိုက်ထားကြတာဖြစ်ပါတယ်။ နောက်လထဲမှာ လောကထဲကို ရောက်လာတော့မယ့် သားဦးလေးကို တွေ့ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ပြောထားကြပါတယ်။

Photo Credit : warattaya's IG Acc
Photo Credit : warattaya's IG Acc
Photo Credit : warattaya's IG Acc
Photo Credit : warattaya's IG Acc

သတင်း အရင်းအမြစ် warattaya's IG Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T