Comeback ရုပ်ရှင်ကို ပိုက်ဆံတစ်ပြားမှမယူဘဲ ရိုက်ကူးပေးသွားမယ့် ဆောင်းဂျွန်ကီ..

//s9.kh1.co/ce/cee18983317fd33cad56c6596441c8adefd92b3d.jpg
အနုပညာရှင်များ

 ၂၃-အောက်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

Comeback ရုပ်ရှင်ကို ပိုက်ဆံတစ်ပြားမှမယူဘဲ ရိုက်ကူးပေးသွားမယ့် ဆောင်းဂျွန်ကီ..

မကြာခင်ကမှ APAN ဆုပေးပွဲကြီးမှာ အထူးဆုကြီးကိုရရှိခဲ့တဲ့ နာမည်ကြီးမင်းသား ဆောင်းဂျွန်ကီဟာဆိုရင် comeback ရုပ်ရှင်တစ်ခုနဲ့ ပရိသတ်ရှေ့ပြန်ရောက်လာတော့မယ်လို့ သိရပါတယ်။ ဆောင်းဂျွန်ကီဟာ ‘Hwaran’ လို့နာမည်ပေးထားတဲ့ ဖြူမဲရုပ်ရှင်တစ်ခုကိုရိုက်ကူးဖို့စီစဥ်နေပြီး အဲ့ဒီရုပ်ရှင်ဟာဆိုရင် ဆိုးရွားလွန်းတဲ့ဘဝကလွန်မြောက်ချင်တဲ့ လူငယ်လေးအကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=436,q=100/18/1815ca8063bbed5612e0b3dd7bd74af085c53ee2.png

အဲ့ဒီလူငယ်လေးဟာ Chi Gun လို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အလယ်အလတ်တန်း သူဌေး တစ်ယောက်နဲ့ ဆက်သွယ်ပြီးအန္တရာယ်ရှိတဲ့ လောကထဲရောက်သွားမှာဖြစ်ပြီး အဲ့ဒီသူဌေးနေရာမှာ ဆောင်းဂျွန်ကီကပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=315,q=100/54/546bf5c495fa7483a797f5b016e30733f149303f.png

လူငယ်လေးနေရာကိုတော့ လူသစ်သရုပ်ဆောင် Hang Sa Bin ကသရုပ်ဆောင်သွားမှာဖြစ်ပြီး နာမည်ကြီး idol တစ်ဦးဖြစ်တဲ့ Bibi လည်းပါဝင်သွားမယ်လို့ သိရပါတယ်။အထူးဆန်းဆုံးအချက်ကတော့ ဆောင်းဂျွန်ကီဟာအခုလိုမျိုး ဈေးပေါပေါနဲ့ရိုက်မယ့်ဇာတ်ကားတွေမှာပါဝင်လေ့မရှိပေမယ့် ဒီဇာတ်ကားမှာတော့ ပိုက်ဆံတောင်တပြားမှမယူပဲ အခမဲ့ပါဝင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=560,h=373,q=100/7c/7cfdb1ecf5877a70f2b2baee5b92756ea4ebd46f.png

ပရိသတ်တွေကတော့ အခုကိစ္စနဲ့ပတ်သက်ပြီး ထူးဆန်းနေကြပေမယ့် ဆောင်းဂျွန်ကီကတော့ ဒီဇာတ်ကားဟာသူ့အတွက် စိန်ခေါ်မှုအသစ်တွေယူလာပေးတဲ့ ဇာတ်ကားဖြစ်ပြီး အကောင်းဆုံးကြိုးစားရိုက်ကူးသွားပါမယ်လို့ သိရပါတယ်။ပရိသတ်တွေကတော့ Vincenzo မှာမာဖီးယားနေရာကနေ အကောင်းဆုံးသရုပ်ဆောင်ပြနိုင်ခဲ့တဲ့ ဆောင်းဂျွန်ကီကိုတော့ အခုဇာတ်ကားမှာလည်း ခပ်မိုက်မိုက်ပုံနဲ့ ထပ်ပြီးမြင်ရဖို့ မျှော်လင့်နေကြပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T