T-ara အဖွဲ့ဝင်ဟောင်း Soyeon ကသူ့ရဲ့မွေးနေ့မှာ ရရှိခဲတဲ့ ကြီးမားတဲ့လက်ဆောင်တွေအကြောင်း ပြောပြလာခဲ့ပါတယ်။ အောက်တိုဘာ ၁၃ ရက်နေ့က Soyeon ဟာသူ့ရဲ့လူမှုကွန်ယက်ကနေတဆင့် “ကျမရဲ့ Cho Yu-min လေးကဒီနှစ်ကျမမွေးနေ့အတွက် မွေးနေ့လက်ဆောင်လေးလုပ်ပေးခဲ့ပါတယ်” ဆိုပြီးအသိပေးလာခဲ့ပါတယ်။

Cho Yu-min ဆိုတာကတော့ အသက်၂၅နှစ်ရှိပြီဖြစ်တဲ့ ဘောလုံးကစားသမားဖြစ်ပြီး သူ့နဲ့စေ့စပ်ထားတဲ့ သူ့ကောင်လေးလည်းဖြစ်ပါတယ်။အောက်တိုဘာ ၅ ရက်မှာမွေးနေ့ကျရောက်ခဲ့တဲ့ Soyeon ကတော့သူ့မွေးနေ့မှာ သူ့ရဲ့ကောင်လေးက Surprise လုပ်ပေးခဲ့တဲ့အကြောင်း “ကျမွေးနေ့မှာ hotel, dinner, cake နဲ့မွေးနေ့လက်ဆောင်အပါအဝင် အားလုံးလုပ်ပေးခဲ့ပါတယ်။

အလုပ်ရှုပ်နေတာတောင် ကျမအတွက်အချိန်ပေးပြီး ကျမနားရှိပေးလို့ဝမ်းသာ ရပါတယ်” ဆိုပြီးပြောပြခဲ့ပါတယ်။“ပြီးတော့ ကျမအတွက် Surprise အဖြစ်ဆုံးအရာကတော့ အိမ်မှာတစ်ယောက်တည်းနေလေ့ရှိတဲ့ကျမအတွက် အိမ်မှာဖွက်ထားခဲ့တဲ့ မွေးနေ့လက်ဆောင်ပိုက်ဆံငွေသားတွေပဲဖြစ်ပါတယ်” ဆိုပြီးပြောထားပါသေးတယ်။

ပုံတွေထဲမှာတော့ သူရခဲ့တဲ့မွေးနေ့လက်ဆောင်တွေကိုမြင်ရပြီး အဲ့ဒီထဲက ဝမ် ၅၀၀၀၀ တန်အထပ်လိုက်နဲ့ စက္ကူပုံးကြီးကတော့ အားလုံးရဲ့အာရုံကိုဖမ်းစားထားနိုင်ခဲ့ပါတယ်။ပရိသတ်တွေကတော့ Soyeon ရဲ့ကောင်လေးကိုချီးကျူးနေကြကာ သူတို့အတွဲကိုအားကျနေကြပါတယ်။ Soyeon နဲ့သူ့ကောင်လေးတို့ကတော့ နောက်လမှာ မင်္ဂလာဆောင်သွားတော့မယ်လို့ သိရပါတယ်။