Nam Joo-hyuk နဲ့ Astro အဖွဲ့ဝင် Cha Eun Woo တို့ဟာ ပွဲတစ်ခုမှာအင်္ကျီအဝတ်အစား ဆင်တူဝတ်ပြီးပွဲတက်လာခဲ့တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှူကို ခံနေရပါတယ်။ မကြာခင်ကမှရိုက်ကူးပြီးတဲ့ "Remember" ရုပ်ရှင်အထူးပြပွဲကိုအောက်တိုဘာ ၂၀ ရက်နေ့ကကျင်းပခဲ့ပြီးအဲ့ဒီပွဲကို ဇာတ်ကားရဲ့အဓိကသရုပ်ဆောင်ဖြစ်တဲ့ Nam Joo hyuk နဲ့ Cha Eun Woo တို့လည်းတက်ရောက်ခဲ့ကြပါတယ်။


ပွဲတက်လာတဲ့ သူတို့နှစ်ဦးဟာ Lemaire လို့ခေါ်တဲ့အမှတ်တံဆိပ်ကထုတ်တဲ့ လည်သာ ဂျတ်ကတ် (Jacket) ကိုဝတ်ဆင်လာတာတွေ့ရပြီး ဆံပင်ပုံစံလည်းဆင်တူနေတာကို တွေ့ခဲ့ရပါတယ်။ သူတို့နှစ်ဦးဟာ နောက်ထပ် ကုတ်အင်္ကျီတစ်ခုကိုလည်း ဆင်တူဝတ်တာတွေ့ရပြီး ဘာကြောင့်အခုလိုဝတ်ကြတာလဲဆိုတာတော့ သေချာမသိရပါဘူး။


ပရိသတ်တွေကြားမှာတော့ ထင်ကြေးအမျိုးမျိုးပေးနေကြပြီး အချို့ကလည်းသူတို့နှစ်ဦးဟာ တစ်ချိန်တည်းမှာ စပွန်ဆာ အတူရလို့ဝတ်လာတာဖြစ်နိုင်တယ်လို့ ပြောနေကြပါတယ်။ Nam Joo Hyuk အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Remember ရုပ်ရှင်ကိုတော့ လာမယ့် အောက်တိုဘာ ၂၆ ရက်နေ့မှာထုတ်လွှင့်ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။
Photos-credit
Source: KBIZoom